The Flash: TV Series နှစ်ခြိုက်တဲ့သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုကိုစတင် တင်ဆက်ပေးလိုက်ပါပြီ…Arrow ဇာတ်လမ်းတွဲကို ရေးသား တဲ့ ဇာတ်ညွှန်းရေးတဲ့သူပဲ
ဒီဇာတ်လမ်းကိုဆက်ရေးထားတာပါ..တခြားပြည်ပနိုင်ငံတွေမှာတော့ ဒီဇာတ်လမ်းတွဲက အောင်မြင်
နေပါပြီ..ကြည့်ရှုသူတွေလည်းများပါတယ်..ဇာတ်လမ်းအကျဉ်းကိုနည်းနည်းလောက်မိတ်ဆက်ပေးရအောင်
အသက် ၁၁ အရွယ်ဖြစ်တဲ့ ဘယ်ရီအဲလန် တစ်ယောက် ညတစ်ည သန်းခေါင်ယံမှာ အသံတစ်သံ
ကြောင့်လန့်နိုးလာပါတယ်..အပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့ အလင်းတန်းတွေကြားမှာ
ပိတ်မိနေတဲ့သူ့အမေကို တွေ့ရှိရပြီး..အလင်းတန်းတွေကြားမှာ လူပုံစံတွေ့ရှိနေရပါတယ်
အဲ့နေရာကနေ ရုတ်တရက် ဘယ်လိုဖြစ်မှန်းမသိပဲ လမ်းမကြီးပေါ်ကို သူရောက်ရှိသွားပါတယ်
အိမ်ကိုပြန်လာတဲ့အခါမှာတော့ သူ့အမေ သေဆုံးနေပြီးတော့ သူ့အဖေကိုရဲတွေဖမ်းခေါ်သွားကြပါပြီ
ဒီလိုနဲ့ သူ့ကျောင်းနေဘက် သူငယ်ချင်းမလေးရဲ့ အဖေက သူ့ကိုခေါ်ယူမွေးစားခဲ့ပါတယ်
မူခင်းသိပ္ပံပညာဆိုင်ရာလက်ထောက်ဖြစ်လာတဲ့အခါမှတော့ ဘယ်ရီက အခဲမကျေစွာ
သူ့အမေကိုသတ်သွားခဲ့ မဖြစ်နိုင်တဲ့အရာတခုကိုစုံစမ်းဖို့ကြိုးစားပါတယ်..အဲ့မှာ
မတော်မဆမှု တစ်ခုကြောင့် သူကိုယ်တိုင် မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်လာတဲ့အခါမှာတော့…………
Barry Allen was struck by lightning and fell into a coma. When he awakens from it 9 months later, he meets Cisco Ramon, Harrison Wells, and Caitlin Snow, and later he realizes that he that he has powers and how it had been caused by the explosion of the particle accelerator.