A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
28 view

Satyashodhak: ၁၉ ရာစု၊ ၁၈၇၃၊ အိန္ဒိယနိုင်ငံမှာ “ဆပ်တရာရှိုဒက်ဆာမာ့ဂျ်” (ခေါ်) “အမှန်တရားရှာဖွေသူ အသင်း” ကို
တည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ….“ဂျိုတီရောဝ်ပူလေ ” ရဲ့ ဘဝမှတ်တမ်းကို ရေးခြယ်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး
ဝေဖန်ရေးဆရာများဆီက မှတ်ချက်ကောင်းအချို့ကိုလည်း ရထားပါတယ်
ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ လူမှုရေး၊ ဘာသာရေး အယူစွဲများနဲ့
“ဇာတ်နိမ့်ဇာတ်မြင့်” လူတန်းစားခွဲခြားမှုတွေကို တွန်းလှန်ပြီး….Shudras (အလုပ်သမားလူတန်းစား) နဲ့ Dalits (အဖိနှိပ်ခံလူတန်းစား) တို့
သာတူညီမျှရှိရေး၊ လူ့အခွင့်အရေး တန်းတူရရေးတို့ကို ဖော်ဆောင်ခဲ့ရုံသာမက
လူတန်းစားမရွေး ပညာတတ်မြောက်ရေးကိုပါ အားပေးခဲ့တယ် အသက် ၁၃၊ ၁၄ နှစ်ခန့်မှာ
လက်ထပ်ထိမ်းမြားခဲ့တဲ့ ဇနီးသည် “ဆာဗီတရီပူလေ” ကလည်း ခင်ပွန်း ဂျိုတီနဲ့အတူ
တက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး “အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး” ကို
အစောဆုံး လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်
ဘာသာရေး သို့ ဘာသာရေးခေါင်းဆောင်တွေကို မေးခွန်းထုတ်ရင် အမျိုးဖျက်လို့
ကင်ပွန်းတပ်ခံခဲ့ရတဲ့ ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းကို ပြုပြင်ရာမှာ
အဓိကအခန်းကဏ္ဍကျခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ …ကလေးဘဝ၊ လူတန်းစားခွဲခြားခံရမှု၊ ပညာကို ကြိုးစားရှာဖွေပုံ၊ အိမ်ထောင်ရေး၊
လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲမျိုးစုံနဲ့ ခေတ်စနစ်တို့ကို
သေချာပုံဖော်တင်ဆက်ထားတဲ့ Biopic လေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Server HY
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments