A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Red Vs Blue လို့ခေါ်တဲ့ comic science fiction ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးကားပါ။ ဒီရုပ်ရှင်ထဲက စက်ရုပ်စစ်သားတွေက Xbox ရဲ့နာမည်ကြီး Game franchise တစ်ခုဖြစ်တဲ့ Halo ထဲကပါ။ဒီစက်ရုပ်တွေမှာ အနီ နဲ့ အပြာဆိုပြီး နှစ်ဖက်ရှိကြတာပေါ့။ အနီတွေနဲ့ အပြာတွေက ဘယ်တုန်းကမှမတည့်ခဲ့ကြဘဲ နှစ်ပေါင်းများစွာ တိုက်ပွဲတွေဆင်နွဲလာခဲ့ကြတာ နောက်ဆုံးမှာ အနီရောင်အဖွဲ့ထဲက စစ်သား လက်တဆုပ်စာလောက်ပဲကျန်တော့တဲ့အထိပေါ့။တစ်နေ့မှာ အနီရောင်‌စစ်သားတွေကို အပြာရောင်စစ်သားတစ်ယောက်ကဆက်သွယ်လာပြီး စကြ၀ဠာထဲက အဆိုးရွားဆုံးဗီလိန်ကြီးက အဆိုးရွားဆုံးပုံစံနဲ့ပြန်ရောက်လာပြီး အားလုံးကိုသတ်ဖြတ်ဖြစ်တော့မယ့်အကြောင်း သတိပေးလာတဲ့အခါမှာတော့ အနီနဲ့အပြာတွေက မတူညီမှုတွေကို ဘေးချိတ်ထားပြီး Meta လို့ခေါ်တဲ့ ဗီလိန်ကြီးကို အတူ‌ပူးပေါင်းနှိမ်နင်းကြဖို့ ကြိုးစားကြရပါတော့တယ်။

When the universe’s greatest villain returns in a terrifying new form, old adversaries, the Reds and Blues of Blood Gulch, will have to set aside their differences to save the galaxy one last time.

Show more...