A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Star Wars: Episode VII – The Force Awakens Trailer
Watch
Movie plot

Star Wars: Episode VII – The Force Awakens (2015)စတားဝါးစ်ရုပ်ရှင်တွေရဲ့ အပိုင်း(၇) ရုပ်ရှင်ပါ….
ဒီအပိုင်းကိုမကြည့်ခင် ရှေ့က ရုပ်ရှင်တွေကိုပြန်နွှေးဖို့ အတိုချုံးလေးပြန်ဆွေးနွေးကြည့်ပါမယ်။အပိုင်း ၃ အဆုံးမှာ အနာကင် စကိုင်းဝေါကာ ဟာ ဒ့ါသ်ဗိတ်ဒါ ဆိုတဲ့ Sith ဖြစ်လာခဲ့ပြီး သူ့ဆရာ ဒါ့သ် စီးဒီးယပ်စ်က အင်ပါယာဖြစ်လာခဲ့ပါပြီ။ ပါ့ဒ်မီကတော့ အမွှာလေး ၂ ယောက်မွေးဖွားပေးပြီး သေဆုံးသွားခဲ့ပါပြီ။အပိုင်း ၄ ၅ ၆ မှာတော့ သူတို့ ၂ယောက်ရဲ့သား လုခ် စကိုင်းဝေါကာဟာ မာစတာ ယိုးဒါးနဲ့ မာစတာ အိုဘီ-ဝမ် တို့ရဲ့ သင်ကြားပေးမှုကြောင့် Jedi မျိုးဆက်သစ်ဖြစ်လာခဲ့ပါပြီ။ သူ့ညီမ ဖြစ်သူ
လိုင်ရာကတော့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ဟန်ဆိုလို ဆိုတဲ့ မှောင်ခိုသမားတဖြစ်လဲ တော်လှန်ရေးအဖွဲ့ ဗိုလ်ချုပ်နဲ့ လက်ထက်ခဲ့ပါတယ်။ သူတို့ မောင်နှမ ၂ ယောက်နဲ့ ဟန်ဆိုလို တို့ကြောင့် ဒါ့သ်စီးဒီးယပ်စ် ကျဆုံးသွားခဲ့ပြီး သူ့တို့အဖေလဲ သေဆုံးသွားခဲ့ပါပြီ။ Sith တွေရဲ့ Death Star လို့ခေါ်တဲ့ ဂြိုလ်ဖျက်လက်နက်ကြီးကိုလဲ ဖျက်ဆီးနိုင်ခဲ့ပါပြီ။အခု အပိုင်း ၇ မှာတော့ အင်ပါယာ ကျဆုံးမှုအောက်ကနေ First Order ဆိုတဲ့ အဖွဲ့ကြီးထပ်မံပေါ်ပေါက်လာပြီး Sith တွေကပဲ ဦးဆောင်နေပြန်ပါတယ်။ အဲဒီချိန်မှာ လုခ် စကိုင်းဝေါကာက ပျောက်ဆုံးနေပြီး ညီမဖြစ်သူ ဗိုလ်ချုပ်လိုင်ရာဟာ အပူတပြင်းရှာဖွေနေပါတယ်။ ဒီလမ်းခရီးမှာ သူ့ရဲ့ အကောင်းဆုံး ပိုင်းလော့ထ် နဲ့ သစ္စာဖောက် မုန်တိုင်းတပ်သား တစ်ယောက်နဲ့ အမှိုက်ကောက်သမားလေးတစ်ယောက်တို့ တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။

Show more...