A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Pathfinder: ဒီဇာတ်လမ်းကတော့ ၁၀ ရာစု Scandinavia ဒေသမှာဇာတ်အိမ်တည်ထားပါတယ်။ Ghost ဆိုတဲ့
Viking သင်္ဘောပျက်မှာ တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့ကောင်လေးကိုနယ်ခံတိုင်းရင်းသားမျိုးနွယ်
တွေက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ တနေ့ကြီးပြင်းလာတဲ့အခါ ထိုမျိုးနွယ်ရဲ့လက်ရွေးစင် တစ်ဦးဖြစ်လာပြီးတော့လမ်းကြောင်းရှာဖွေစူးစမ်းသူ (pathfinder) ဖြစ်လာဖို ကြိုးစားလို့နေပါတယ်။ ဒါပေမယ့် ကြမ္မာငင်ချင်တော့ တနေ့မှာတော့ Dragon Men လိုခေါ်တဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ Viking တွေဟာ စစ်ဘုရင် Gunner ရဲ့ဦးဆောင်မှုနဲ့ထိုဒေသကို ကျူးကျော်နယ်ချဲ့တဲ့ အခါ Ghost ရဲ့ရွာလေးကိုပါဖျက်စီးပြီးတော့ လူတွေကိုအကုန်သတ်သွားပါတော့တယ်။လက်စားချေချင်စိတ်တွေနဲ့ ဖုန်းလွှမ်းနေတဲ့ Ghost တစ်ယောက်ဘာလုပ်မှာလဲ၊ ပြုစုပျိုးထောင်ခဲ့တဲ့ မွေးစားမျိုးနွယ်ဖက်ကိုပါမှာလားဒါမှမဟုတ် သွေးသားတော်စပ်ပေမယ့် ယုတ်ရင်းကြမ်းတမ်းတဲ့မျိုးနွယ်ဖက်ကို ပါမှာလား၊ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ထိုခေတ်အခါက viking တိုရဲ့ရက်စက်မှုကိုကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာကြောင့်သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေတော့များပါတယ်။Norse ဇာတ်လမ်းတွေ Viking တွေကိုသဘောကျရင်တော့ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်ခင်ဗျာ။ကြည့်ရှူခံစားကြပါအုံးလိုပဲ အကြံပေးလိုက်ပါတယ်။

Show more...