Movie plot

The Bourne Identity: Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး လေ့ကျင့်ခဲ့သလို..ဇာတ်ကားထဲက စတန့်အများစုကိုလည်း လူစားမထိုးပဲ သရုပ်ဆောင်ခဲ့သည်။ထိုသို့ ဇာတ်လမ်း ဇာတ်ကွက် ပြန်လည်ဖန်တီးရသည့် အခက်အခဲများ..ဘက်ဂျက်အခက်အခဲများ စတဲ့ အခက်အခဲများစွာကို ကျော်လွန်ဖြတ်သန်းပြီးမှ ထွက်ရှိလာသော The Bourne Identity (2002)ရုပ်ရှင်သည် ကြိုးစားသမျှ အရာထင်ခဲ့သည်ဟု ဆိုရပေမည်။စပိုင်ကားအများစုအား နှစ်ရှည်လများ စိုးမိုးထားခဲ့သော ဂျိမ်းစဘွန်းများ၏ အရှိန်အဝါကို ကျော်လွန်နိုင်ခဲ့ကာ လက်တွေ့ဘဝနှင့်နီးစပ်သည့် လူသားတစ်ယောက်ကို ဖန်တီးပေးနိုင်ခဲ့သည်။ထို့အပြင် Die Hardလို ဇာတ်ကားထဲက အက်ရှင်ခန်းများကိုပါ မေ့ပစ်နိုင်လောက်သည့် တိုက်ခိုက်ခန်း အသက်လုပြေးလွှားခန်းများဖြင့် ကြည့်ရှုသူအပေါ် ဖမ်းစားခဲ့တာကို တွေ့ခဲ့ရပါမည်။မြေထဲပင်လယ်ထဲမှာ သတိမေ့မျောပါနေတဲ့ လူတစ်ယောက်ကို တံငါလှေတစ်စီးက ကယ်တင်လိုက်ရကနေ Jason Bourne ဇာတ်လမ်းကို ပဟေဠိများဖြင့် စတင်ဖွင့်လှစ်လာခဲ့သည်။သတိပြန်ရသည့်တိုင်အောင် သူ့ကိုယ်သူ ဘယ်သူမှန်း မသိ ။ဘယ်ကလာမှန်းလည်း မသိ။ကျောမှာ သေနတ်ကျည်ဆန်နှစ်ခုက ထိုးဝင်လျက်သား။နောက် တင်ပါးမှာ ဘဏ်နံပါတ်တစ်ခု ။သူကဘယ်သူပါလဲ။အဲဒီနံပါတ်ကလေးက သူ့ဘဝ ဖြစ်တည်ရာကို ပြန်လည်ရှာဖွေရာကနေ အသည်းထိတ်ရှု ပ်ထွေးဖွယ် ဇာတ်အိမ်ကြီးတစ်ခုကို ကျွန်တော်တို့အားလုံး ရင်မမဖြင့်စကြည့်ရတော့သည်။သူနှင့်အတူ တစ်ဖြည်းဖြည်းသိရှိလာရသော အချက်အလက်များအရ သူက ထိပ်တန်း အေ့ဂျင့်တစ်ယောက်။အမေရိကန် CIA ဌာနက တရားမဝင် နှိမ်နင်ရေးလုပ်ငန်းတွေလုပ်ဖို့ဖွဲ့စည်းထားသည့် ထရက်စတုန်း စီမံကိန်းထဲက အဓိကကျသည့် လူတစ်ယောက်ဆိုတာ သိလာခဲ့ရသည်။ထို့အပြင် ယင်းအဖွဲ့၏ တရားမျှတမှု မရှိသော သတ်ဖြတ်လုပ်ကြံခြင်း လုပ်ငန်းများအား လုပ်ကိုင်လိုစိတ် မရှိတော့၍ ထွက်ခွာလာခဲ့သည့် လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိလာသည့်အခါမှာ ။ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်များ၏ နှု တ်ပိတ်ခြင်းကို တန်ပြန်ခုခံရဖို့ အကြောင်းဖန်လာရတော့သည်။သူတို့အနေဖြင့် သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးပုံသွင်းခဲ့သော Bourneအား နှိမ်နင်းသတ်ဖြတ်ဖို့ရာ လုံးဝမလွယ်ကူလှပါ။Bourneထံတွင် ရောက်ရှိနေသည့် အချိန်ကာလနေရာမရွေး အံဝင်ဂွင်ကျ ပြောင်းလဲလှုပ်ရှားနိုင်သည့် အရည်အချင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။အထူးသဖြင့် သူတို့အားလုံး၏ အကြံအစည်များကို နောကြေအောင် သိရှိနေခြင်းကပင် တစ်လှမ်းသာနေသည်။CIAလိုမျိုး ကမ္ဘာအနှံ့အပြား ချိတ်ဆက်ထားသည့်နည်းပညာကွန်ယက်ကြားတွင် Bourne တစ်ယောက် လွတ်အောင် ရုန်းထွက်ဖို့ရာ မလွယ်ကူလှပါ။CIAကလည်း Bourne၏တည်နေရာအား ချက်ချင်းသိလိုက်တာနှင့် ကြေးစားတွေအား သတ်ဖြတ်ဖို့ လွှတ်လိုက်တာချည်းဖြစ်သည်။Bourneထံတွင် အနီးနားမှာ စာအုပ်ထူထူ တစ်အုပ်ဖြစ်ဖြစ် ဘော့ပင်တစ်ချောင်းပဲဖြစ်ဖြစ် ရှိနေပါက ထိုအရာအား အသုံးပြုပြီး တစ်ဖက်ရန်သူအား အနိုင်ယူတိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေးပညာတွေရှိသည်။ဘာသာစကားမြောက်မြားစွာပြောဆိုနိုင်သည်။သူမကိုင်တတ် မသုံးစွဲတတ်သော ယာဉ်၊လက်နက်၊အီလက်ထရောနစ်ပစ္စည်းမရှိသလောက်ပင်။အားလုံးကို ရင်းနှီးကျွမ်းဝင်နေသည်။ကြောင်တစ်ကောင်လို လျင်မြန်သော အဟုန်မျိုးဖြင့် သုံးမိုင်လောက်အား မနားတမ်းပြေးနိုင်သည်။စက္ကန့်ပိုင်းလောက်ဝေ့ကြည့်လိုက်တာနှင့် ကားသုံးစီ၏ နံပါတ်များအား ချက်ချင်းအလွတ်ပြောနိုင်သည်။လူတစ်ယောက်ကိုဖျတ်ခနဲကြည့်လိုက်ရုံဖြင့် ဘယ်သန်လား ညာသန်လား သိနိုင်သည့် လေ့ကျင့်မှု စွမ်းရည်တွေ ပိုင်ဆိုင်ထားသည်။
ထိုအရည်အသွေးများအား အသုံးပြု၍သာ အင်အားကြီးမားလှသော ရန်သူတွေလက်အောက်ကနေ ရုန်းထွက်ရလေသည်။အသက်လုပြေးရလေသည်။ဒဏ်ရာဗလပွဖြင့်နာကျင်ရလေသည်။Jason Bourne ဇာတ်ကားသုံးပိုင်းလုံးသည် ထရက်စတုန်းအဖွဲ့ကြီးနှင့် Bourneတို့ အပြန်ပြန်အလှန်လှန် ဉာဏ်ကစားပုံ ။အသက်လုထွက်ပြေးတိုက်ခိုက်ရသည့် ဇာတ်ဝင်ခဏ်းများဖြင့် ဒရစပ် တည်ဆောက်ထားသည်။(2012မှာ ထရက်စတုန်းစံမံကိန်းထဲက အခြားအေ့ဂျင်တစ်ယောက်ဇာတ်အိမ်ဖြင့် မင်းသား ဂျေမီရမ်နာအား ထည့်သွင်းကာ The Bourne Legacy အမည်ဖြင့် ရိုက်ကူးသေးသည်။Matt Damon၏ Bourneကားများကို လိုက်မမီခဲ့ချေ )။ထရက်စတုန်းစီမံကိန်းက ခေါင်းဆောင်တွေကလည်း Bourneလိုလူမျိုးကိုတောင် ဖန်တီးနိုင်ခဲ့သူများပီပီ တကယ့်ဉာဏ်နီဉာဏ်နီသမားတွေဖြစ်ကြပြီး နည်းပညာအထောက်အကူများဖြင့် Bourneရှိရာနောက်ကို ထပ်ကြပ်မကွာ ရှာဖွေခဲ့သည်။Bourne ကိုယ်တိုင် ချစ်သူအသစ်နှင့် ဘဝသစ်တစ်ခုအား တည်ဆောက်ဖို့ ကြို းစားခဲ့သော်လည်း အတိတ်ဟောင်းက ကိစ္စရပ်များအောက်က ရုန်းထွက်ခွင့် မသာခဲ့ချေ ။သူသာ ကြေကွဲခဲ့ရတော့သည်။ထိုအခါမှာ ကျေအေးပြီးသား အတိတ်အိပ်မက်ဆိုးတွေအား အပြီးသုတ်သင်ဖို့ ဆုံးဖြတ်ပစ်ခဲ့တော့သည်။The Bourne Identity(2002)| The Bourne Supremacy (2004)| The Bourne Ultimatum (2007) အပိုင်းသုံးပိုင်းသည် အေ့ဂျင့် Bourne၏ အတိတ်ကို ပြန်လည်စုံစမ်းပုံ |လာရောက်လုပ်ကြံသူများအား ပြန်လည်တိုက်ခိုက်ပုံ။ချစ်သူနှင့်ဘဝတစ်ခုဖန်တီးဖို့အားပြု ချိန်မှာ ထပ်မံပြီး လုပ်ကြံခံရပုံ။ထို့နောက်တွင် ထိုအဖွဲ့ကြီးအား ပြန်လည်တုံ့ပြန်ပြီး Bourneတစ်ယောက် ပျောက်ကွယ် သွားပုံတို့ဖြင့် အဆုံးသတ်ခဲ့သည်။ဆိုရလျှင် Bourne၏ ဘဝသမိုင်း နိဂုံးကမ္ပတ်အဆုံးသတ်ပြီဟု ထင်မှတ်ခဲ့မိသည်။သို့ရာတွင်မူ Bourneသည် တစ်ဖန်ပြန်လာခဲ့ပါသည်။2016တွင် ရုံတင်လာခဲ့သော Jason Bourne ဇာတ်ကားတွင်မူ
Bourneသည် ဘဝသစ်တွင် အသားကျစပြုပြီ။အတိတ်ဆိုးမဟူရာညနက်တွေအား မှတ်မိနေပြီဖြစ်သော်လည်း အဲဒီကို ပြန်မသွားတော့ ။နှစ်ကာလတွေပင် မနည်းကြာခဲ့ပြီ။သို့ဖြစ်စေကာမူ ပြန်လည်ထိတွေ့ရန် ကြမ္မာကံက ဖန်လာပြန်သည်။သူ့ကို အရေးတကြီးတွေ့လိုတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပေါက်လာပြန်သည်။လွန်လေပြီးခဲ့သောကာလများက အကျွမ်းတဝင် ပတ်သက်ခဲ့ဖူးသည့် သူတို့နယ်ပယ်ထဲက ဘဝတူ မိန်းခလေး Nicky Parsons ဖြစ်သည်။သူမယူဆောင်လာသည့်သတင်းက သူ၏အတိတ်နှင့်သက်ဆိုင်သော မြှု ပ်ကွက်သတင်းတစ်ခု ဖြစ်သည်။ခိုးယူလာခဲ့သော သတင်းဖြစ်သောကြောင့်ပင် သူမနောက်ကိုလည်း CIA နောက်တော်သားများက သုတ်သင်ပစ်ဖို့ လိုက်လာကြလေပြီ။
ထို့နောက်မှာ Bourne နှင့် သူတို့ပြန်လည်ဆုံတွေ့ကြသောအခါ ။ရုပ်ရှင်ပိတ်ကားပေါ်မှာသာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုပါသည်။ထွက်ရှိလာသောဝေဖန်ချက်များအရ ယခုရုပ်ရှင်သည် အရင်ထွက်ရှိပြီးသား ဇာတ်ကားတွေကို လိုက်မမီဟု ဝေဖန်ကြပါသည်။
မည်သို့ပင်ဖြစ်ပါစေ အချိန်ယူ ကျကျနနပြင်ဆင်ပြီး ရိုက်ကူးထားသော ဇာတ်ကွက်များအရကြည့်ရှုရန် ထိုက်တန်သည့် ရုပ်ရှင်ကားတစ်ကားဆိုသည်ကတော့ အခိုင်အမာ ပြောလိုပါသည်။
နောက်ထပ် Bourneတွေ ထပ်ထွက်လာဦးမလား ဆိုတာတော့ ။

When a body is recovered at sea still alive, the mystery man (Damon) seems to have forgotten everything in life, including who he was. Eventually he begins to remember smaller details in life and soon finds out that his name was Jason Bourne. What he doesn’t like is the gun and fake passports belonging to him. Now Bourne, and his new friend, Marie Helena Kreutz (Potente) travel from country to country in search of his new identity. But someone is not happy to see him alive, and is frantically trying to track him down. Written by Peet

Show more...