De Dana Dan (2009)
(ဘယ်တစ်ယောက် ညာတစ်ယောက်)ဒီတစ်ခါမှာတော့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ခု တင်ဆက်ပေးပါရစေဗျ။
De Dana Dan ဆိုတဲ့ ၂၀၀၉ ခုနှစ်ထွက် အိန္ဒိယ-ဟင်ဒီစကားပြော
ဟာသအချစ်ဇာတ်ကားဟာ ဆုပေါင်း ၉ ခုတောင် လျာထားစာရင်းဝင်ခဲ့တဲ့အပြင်
Box Office မှာလည်း အထူးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
အောင်မြင်တာလည်း မပြောနဲ့လေ။ ဆုပေါင်းမရေမတွက်နိုင်လောက်အောင်ရရှိထားတဲ့
နာမည်ကျော်မင်းသားကြီး အရှေးကူးမားကိုယ်တိုင်
ပါဝင်သရုပ်ဆောင်ထားတာကိုးဗျ။ IMDb rating ကလည်း 5.9 ရရှိထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့
နီတင်ဘန်ကာလို့ခေါ်တဲ့ ကောင်လေးဟာ လက်အောက်ငယ်သားများအပေါ်အင်မတန်နှမြောတွန့်တိုတတ်တဲ့
သန်းကြွယ်သူဌေးမကြီးကူဂျိကာအတွက် ကားမောင်းပေးရတဲ့ မျက်နှာမွဲလူဆင်းရဲဒရိုင်ဘာလေးတစ်ယောက်ပေါ့ဗျာ။ဒါပေမဲ့ သူ့မှာ သူ့ကိုအင်မတန်ချစ်ပေးတဲ့ နီတင်ဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိသတဲ့။
သူ့ချစ်သူလေးတို့မိသားစုဟာ အရင်က မိဘချင်းခင်မင်ရင်းနှီးကြပေမဲ့
ထီဆုကြီးပေါက်သွားတဲ့နောက်မှာတော့ သူ့အဖေကြီးက
ဘဝမေ့ပြီး ဆင်းရဲသားနင်းပြားနီတင်နဲ့ သဘောမတူဘဲ
သူ့သမီးကို ချမ်းသာတဲ့သူနဲ့ပဲလက်ထပ်ပေးချင်နေပါတယ်။
နီတင်ဘန်ကာရဲ့အချစ်ဆုံးသူငယ်ချင်း ရမ်မီရှာရာဆိုတဲ့ကောင်လေးဟာလည်း
အကြွေးတွေနစ်နေပြီး အမေနဲ့ညီမအတွက်ဘဝကိုရုန်းကန်နေရတဲ့သူပဲဖြစ်ပါတယ်။
သူ့ရဲ့ချစ်သူလေးဟာလည်း စင်္ကာပူမှာအချမ်းသာဆုံးမိသားစုတွေကနေ ဆင်းသက်လာသူလေးပါ။
သူ့ရဲ့ဇာတာခွင်က ထူးခြားတာကြောင့် သူနဲ့ဇာတာတူသူ အမျိုးသားကိုပဲ လက်ထပ်ခွင့်ရမယ့်သူဖြစ်ပါတယ်။ဒီလိုနဲ့ နီတင်နဲ့သဘောမတူတဲ့ သူဌေးလက်သစ်ရယ် ချမ်းသာသလောက်
ဇာတာခွင်ကိုယုံကြည်တဲ့စင်္ကာပူသူဌေးကြီးရယ်တို့ဟာ
သူတို့စိတ်ကြိုက်သတို့သားလောင်းတစ်ယောက်ကိုတွေ့ပြီး
လက်ထပ်ပေးဖို့စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီသတို့သားက တစ်ဦးတည်းဖြစ်နေသလို
သူတို့ထင်သလို သူဌေးသားစင်းလုံးချောလေးဖြစ်မနေဘဲ
လူလိမ်လူညာမိသားစုသာ ဖြစ်နေတဲ့အခါမှာတော့…Nomination ၆ ခု စာရင်းဝင်ထားတဲ့ဇာတ်ကားဖြစ်တာကြောင့်
မင်းသားကြီးအရှေးကူးမားရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ
သီချင်းသံတွေ အကအလှတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့
ဇာတ်လမ်းဇာတ်ကွက်တွေကို မပျင်းရဘဲ ခံစားကြည့်ရှုနိုင်မှာပါဗျ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
Singapore-based Nitin Bankar’s education was paid for by his employer, Kuljeet Kaur, and after his father’s passing he works as an unpaid chauffeur/servant for her until he pays her back. He is in love with gorgeous Anjali Kakkad, but her father refuses to give his consent for this alliance. Desperate to get out of this situation, Nitin attempts suicide, albeit in vain, then cooks up a scheme to abduct Kuljeet’s pet, Mulchand, demand a hefty ransom, and marry Anjali. He seeks assistance from his equally-deadbeat courier/deliveryman, Ram Mishra, who wants to wed tall and pretty Manpreet Oberoi, and both book a room in Pan Pacific Hotel. However, Murphy’s Law and a host of assorted characters get involved, resulting in hilarious and uncontrollable chaos. Written by rAjOo ([email protected])