A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Novoland Trailer
Watch

Novoland

90 min

Country: China

Director: Xiao Xiyun

Actors: LinziWu XudongZhao Yi Xiao

Genres: Fantasy

0/ 5 0 votes
Movie plot

Novoland: ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့
နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။
ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က
ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး
သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က
ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ
နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့
မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။
မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော
ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။
နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ
သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့
ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့
ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။
မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက်
သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ?
နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ?
တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို
စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။

It tells the story of the free and undisciplined ranger Yun Zhan and his master who are implicated in a bizarre case. They are accidentally suspected by the princess Shi Qiutong and the guard An Xuewu as the murderer. In the process of proving his innocence, Yun Zhan gradually finds the direction of his life and meets Shi Qiutong. They joined forces to solve the strange case, and since then they have shouldered their own missions and responsibilities to protect the safety of the people in the imperial city.

Show more...