A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Mr. Natwarlal: Madamakkiဆိုတဲ့ ဇာတ်ကားနဲ့နာမည်ရလာတဲ့ Kannada မင်းသားကြီးTanushရဲ့ တစ်ချိန်က
နာမည်ကြီးHindi ရုပ်ရှင် Mr. Natwarlalရဲ့ နာမည်ကိုယူထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်
တင်ဆက်ပေးလိုက်ပါပြီ။ plot twistလေးတွေလည်းပါတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ။
Mr. Natwarlalဆိုတာက‌တော့ 1950တစ်ခွင်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ပါလီမန်ထိပါတက်လိမ်ပြီး အတော်လေးမွှေသွားတဲ့
လူလိမ်တစ်ယောက်၊ ရဲဘက်အရာရှိတွေ နာမည်ကြားတာနဲ့ အော့နှလုံးနာရတဲ့သူပေါ့။ဒီကားလေးထဲမှာတော့ မိသားစုပြဿနာတွေကနေ ရှောင်ပြေးဖို့အတွက် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို
ရန်ဂါနဲ့သူ့အမေနဲ့ နောက်တစ်ရွာမှာ သွားနေဖို့လုပ်ပါတော့တယ်။
ကံဆိုးချင်တော့ ပြဿနာတွေနောက်ကလိုက်လာပြီး မိခင်ကိုပါဆုံးရှုံးလိုက်ရတဲ့အခါ…ကြီးနိုင်ငယ်ညှင်းလုပ်နေတဲ့ ဓနရှင်တွေကို တွန်းလှန်ချင်စိတ်တွေပေါ်လာတဲ့ရန်ဂါတစ်ယောက်
Mr. Natwarlalဆိုတဲ့နာမည်နဲ့ လက်တစ်လုံးခြားလုပ်ဖို့ စီစဉ်ပါတော့တယ်။
နည်းပညာနဲ့အတူ တိုးတက်နေတဲ့လိမ်နည်းအဖြာဖြာနဲ့ ဒီပြဿနာတွေကို ရဲကရော ဘယ်လိုကိုင်တွယ်မလဲ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ Alexတို့ပဲဖြစ်ပါတယ်)

A con artist in 1950s India uses clever schemes to steal from the rich, earning the nickname “Mr. Natwarlal.” Though impossible to catch, his risky lifestyle endangers his freedom.

Show more...