A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Life After Fighting ဇာတ်ကားဟာ ၂၀၂၄ ထွက်
သြစတြေးလျ Action Drama ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။သြစတြေးလျရိုက်တာဆိုပေမဲ့ ရုပ်ရှင် အရည်အသွေးက
ဟောလီဝုဒ်မှီပါတယ်။ဇာတ်လမ်းလေးကို အမြည်းပြောရရင် အဲလက်စ်ဆိုတဲ့ကမ္ဘာကိုယ်ခံပညာချန်ပီယံ သူ ကျန်းမာရေးကိစ္စတွေကြောင့်အနားယူပြီး ကိုယ်ခံပညာသင်တန်းဖွင့်နေတဲ့သူတစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့သူမို့သွေးတိုးစမ်းချင်သူတွေလည်း ရှိနေပါတယ်။တစ်ရက်တော့ သူ့သင်တန်းက ကလေး ၂ ယောက်သူ့မိတ်ဆွေရဲ့ ကလေးအပါအဝင် သင်တန်းနားကနေပျောက်သွားခဲ့ပါတယ်။ ပြန်ရှာဖို့ ကြိုးစားရင်းပဲဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ လူတွေကထင်ထားသလို ဟုတ်ပါ့မလား အဆုံးသတ်မှာဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်မှာလဲ စတာတွေကိုတစ်ကားလုံး သေနတ်မသုံးဘဲ hand-to-handတိုက်ခိုက်မှုတွေ တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ဒီကားကို ကြည့်ရင်း ငယ်ငယ်က ဂျက်ကီချန်းငယ်စဉ်ကကားတွေကိုတောင် သတိရမိစေပါတယ်။ဒါကြောင့် အက်ရှင်ကြမ်းကြမ်း ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့လက်တို့လိုက်ပါရစေ..,…

Retired martial arts world champion, Alex Faulkner, has settled into a simple life, when the disappearance of two of his students leads to an unthinkable discovery close to home. Just when all hope of finding the children is lost, he locates the imprisoned girls and unsurfaces an international child trafficking operation, which draws him back into the fight of his life against those behind it. Written by Life After Fighting Trailer

Show more...