A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Before Dawn: စစ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုချင်ပါတယ်ဆိုတဲ့
သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ အမေရိကန် ဂျာမနီစစ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Before Dawn ဖြစ်ပြီး IMDB Rating 5.5
ရရှိထားပါတယ်။ကမ္ဘာစစ်ကြီးတွေထဲမှာအမေရိကန်နဲ့ ဂျာမနီတို့စစ်ပွဲတွေကအကြီးမားဆုံးဖြစ်ခဲ့ပြီး ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေရိုက်ကူးခဲ့တဲ့စစ်ကားတွေလည်းအများကြီးရှိပါတယ်။ဒီဇာတ်ကားထဲမှာတော့ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်မှာ ဂျာမနီနဲ့အမေရိကန်တွေဖြစ်ခဲ့တဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့စွန့်စားခန်းတွေကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဂျင်မ်ဆိုတဲ့ကောင်လေးက သူ့အဖေပိုင်တဲ့မွေးမြူရေးခြံကြီးထဲမှာငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်လာခဲ့တဲ့ဒွန်နဲ့လက်စ်တို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့တစ်နေ့ဒီမွေးမြူရေးခြံကြီးထဲမှာပဲနေရတဲ့ဘ၀ကြီးက သူများတွေအတွက်တော့ အိပ်မက်တစ်ခုလိုဖြစ်နေပေမဲ့သူ့အတွက်တော့ ငြီးငွေ့စရာဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပထမကမ္ဘာစစ်ကြီးကလည်း ဖြစ်နေတဲ့အတွက် သူကိုယ်တိုင်စစ်ဝင်တိုက်ပေးစရာမလိုပေမဲ့ သူငယ်ချင်းနှစ်ယောက်ခေါ်တာကတစ်ကြောင်းသူကိုယ်တိုင်ကလည်း ဒီဘ၀ကြီးကနေ ရုန်းထွက်ချင်တာကတစ်ကြောင်းကြောင့် တပ်ထဲဝင်ပြီးစစ်တိုက်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ဂျာမန်တွေကို တိုက်ထုတ်ရင်း သူကြုံတွေ့ရမဲ့စွန့်စားခန်းတွေ သူ့ရဲ့ကူညီချင်စိတ်ပြင်းပြမှုကြောင့် စစ်သားတွေကိုကယ်တင်ခဲ့တာတွေပစ်မလွဲဆိုတဲ့နာမည်ပြောင်ဘယ်လိုရလာတယ်ဆိုတာတွေနဲ့ တခြားသောစစ်မြေပြင်ပေါ်မှာ ရသပေါင်းမျိုးစုံကို တွေ့ရမဲ့စစ်ကားတစ်ကားပဲဖြစ်ပါတယ်။

Show more...
Download Quality Language Click
Link 1 1080p Myanmar HardSub 0
Link 2 1080p Myanmar HardSub 0
Link 3 1080p Myanmar HardSub 0