A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Copenhagen: ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။
သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။

Show more...