A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Mastergame: ၁၉၅၆ခုနှစ်မှာ ရုရှား-ဟန်ဂေရီပဋိပက္ခကို နောက်ခံထားပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အိရှ်ဗန်ဆိုတဲ့ကောင်လေးဟာ တော်လှန်ရေးမှာပါဝင်ခဲ့ပြီး သူတို့ရဲ့တော်လှန်ရေးကျရှုံးသွားချိန်မှာတော့
အိရှ်ဗန်ဟာလည်း အခြားတော်လှန်ရေးသမားတွေနည်းတူအနောက်နိုင်ငံတွေဆီထွက်ပြေးခိုလှုံဖို့ ရွေးချယ်ရပါတော့တယ်။ ဒါ့ကြောင့် အိရှ်ဗန်ဟာ သူရဲ့ကောင်မလေးဖြစ်သူစစ်တုရင်ချန်ပီယံမာတာကိုခေါ်ပြီး ထွက်ပြေးဖို့လုပ်ပါတော့တယ်။တစ်ချိန်တည်းမှာပဲ ဘုန်းတော်ကြီးဖြစ်သူရီဒါဘာလင့်ဆိုသူဟာလျှို့ဝှက်ရတနာတွေကိစ္စနဲ့ ဟန်ဂေရီလျှို့ဝှက်ရဲတွေရဲ့စစ်ကြောခြင်းကိုခံနေရသူပါ။ စစ်ကြောတဲ့နေရာမှာရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကိုညှင်းပန်းနှိပ်စက်တာကိုခံနေရသူပေါ့။ တစ်နေ့တစ်နေ့ နေဝင်တာမသိ နေထွက်မသိထောင်နံရံကလွဲပြီး ဘာကိုမှမြင်ဖူးတော့တဲ့ ဘာလင့်ဆီကိုတစ်ရက်မှာ စစ်တုရင်စာအုပ်လေးတစ်အုပ်ရောက်လာပါတယ်။ဒီစာအုပ်လေးကြောင့်ပဲ ဘာလင့်တစ်ယောက်အားလုံးပြောင်းလဲသွားပါတော့တယ်။ဒီဇာတ်ကားမှာ ဒီလိုကွဲနေတဲ့ Storyline နှစ်ခုကို စစ်တုရင်နဲ့ချိတ်ဆက်ပြီး တင်ဆက်ထားပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဇာတ်လမ်းသွားတဲ့ပုံစံနဲ့ မထင်မှတ်တဲ့ အချိုးအကွေ့တွေပါနေတာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ဇာတ်ကားကြည့်ပြီးရင်တော့တစ်ခုခုကျန်ခဲ့မှာသေချာတာမို့လို့ဒီ Mastergame ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆင်ပေးလိုက်ပါတယ်။

In this free adaptation of Stefan Zweig’s The Royal Game, Márta (Sára Varga-Járó) and István (Gergely Váradi) are trying to leave Hungary with the last refugee train in November of ’56. Aside from the young couple, the church’s invaluable relics are on their way to the western border, towards the free world, whose route the government’s agents are attempting to torture out of B (Károly Hajduk), a catholic priest. The characters stories aboard the train intercept one other in a crucial chess game where the stakes are not only the relics’ fate, but also the lives of the two lovers. Barnabás Tóth’s much anticipated film is a psychological thriller filled with unexpected twists; the likes of which viewers have never seen before from a Hungarian director. Written by JUNO11 Distribution

Show more...