အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Mapanukso: ကာလိုက ဘားတစ်ခုမှာ အကသမားအဖြစ် အလုပ်လုပ်ပါတယ်။
လူသိမခံချင်တဲ့ ဩဇာကြီး လူ့မလိုင်အလွှာက ဒိတ်ဒိတ်ကြဲ အမျိုးသမီးတွေ စိတ်လွတ်ကိုယ်လွတ်အပျော်ရှာဖို့ဖွင့်ထားတဲ့ ဘားဖြစ်ပြီးငွေပေးနိုင်ရင် ဘာမဆိုအကုန်ရပါတယ်။ကာလိုနဲ့အတူအလုပ်လုပ်နေတဲ့ တစ်ခြားလူငယ်တွေ အများကြီးရှိပြီး အားလုံးဟာ ကိုယ့်ဦးတည်ချက်နဲ့ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ။ဒီဇာတ်ကားမှာတော့ သူတို့တွေအလုပ်သဘောအရဆက်ဆံနေရတဲ့အမျိုးသမီးတွေက တစ်ဖက်၊ ကိုယ့်အိမ်သူ၊
ချစ်သူတွေကတစ်ဖက်နဲ့ ဝါသနာနဲ့အလုပ်ကြား မျှတအောင်ထိန်းကျောင်းနေရတဲ့ ဘ၀တွေကိုတွေ့မြင်ရပါမယ်။သူတို့နဲ့ပတ်သက်ဆက်ဆံနေရတဲ့ အထက်တန်းစားအမျိုးသမီးတွေဟာ သူတို့ဘ၀ကိုကောင်းနေချိန်မှာမြှင့်တင်ပေးနိုင်သလို အမြင်မကြည်ချိန်မှာပဲ အသက်ကိုပါရန်ရှာတဲ့အထိဒုက္ခပေးနိုင်လို့ပါပဲ။

Show more...