A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Lavaste: ဆပ်သ်ယာရှ်က B.Tech ဘွဲ့ရထားပေမယ့် အလုပ်မရှိသေးဘဲ အဖေဖြစ်သူကလည်း
အရက်စွဲနေတာဆိုတော့ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့မယ့် အချိန်ပေါ့ဦးလေးဖြစ်သူက အလုပ်အတွက် သူ့ဆီလွှတ်လိုက်ဖို့ ပြောတဲ့အတွက် ဆူညံသံတွေ
ပြည့်နှက်ပြီး လူပေါင်းစုံ ပျားပန်းခပ်လွန်းတဲ့ အိပ်မက်မြို့တော် မွန်ဘိုင်းကို ရောက်လာတယ်ဒီလိုနဲ့ ရလာတဲ့အလုပ်ကနေလည်း အထုတ်ခံရ၊ အိမ်က အမေတို့ကလည်း
ကြွေးရှင်တွေ နှိပ်စက်တာကြောင့် ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ရဖို့ဖြစ်လာပါတယ်
အဲဒါကတော့ ပိုင်ရှင်မဲ့အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးရမယ့် အလုပ်ပါပဲ ဒီလိုကနေ
ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လူတွေမသိကြတဲ့ နောက်ကွယ်က ရင်နင့်စရာ ဝမ်းနည်းစရာ
အမှန်တရားတွေကို မြင်တွေ့လာရတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Show more...