A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Day Dreamers
Watch

Day Dreamers

Nguoi Mat Troi

113 min

Country: Vietnam

Director: Timothy Linh Bui

Actors: Chi PuThuan NguyenTran Ngoc VangTrinh Thao

Genres: Drama, Horror, Thriller

0/ 5 0 votes
Movie plot

Day Dreamers ဟာ ဗီယက်နမ်နွယ်ဖွားအမေရိကန်
ရုပ်ရှင်ရိုက်ကူးသူ Timothy Linh Bui ရိုက်ကူးတင်ဆက်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ပထမဆုံးသောနာမည်ကျော်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဖြစ်ပါတယ်။
တစ်ဦးကလူတွေကြားမှာထင်ထင်ပေါ်ပေါ်နေထိုင်ပြီးတစ်ဦးကတစ်ယောက်တည်းပုန်းအောင်းနေထိုင်တဲ့သွေးစုတ်ဖုတ်ကောင်ညီအစ်ကိုနှစ်ယောက်ကြားကပြိုင်ဆိုင်မှုတွေကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေထဲမှာလည်း ဗီယက်နမ်နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Chi Pu နဲ့တက်သစ်စမင်းသားThuan Nguyen တို့ပါဝင်နေတာကိုမြင်တွေ့ရပါတယ်။Horror ၊ Thriller နဲ့ Drama အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုပိုသွားတဲ့ သွေးစုပ်ဖုတ်ကောင်ကားဖြစ်သလိုအက်ရှင်ခန်းတွေကလည်း ဗီယက်နမ်ရုပ်ရှင်ကားတစ်ကားအတွက် အတော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်။ရုပ်ရှင်အစမှာနတ်အပါအဝင် သွေးစုပ်ဖုတ်ကောင်တစ်စုဟာတစ်နေ့မှာနေရောင်အောက်ကိုပြန်သွားနိုင်ရမယ်ဆိုတဲ့အိပ်မက်နဲ့ တိရစ္ဆာန်သွေးကိုသာသောက်သုံးရင်း ရွာငယ်လေးတစ်ခုမှာ ပုန်းအောင်းနေထိုင်လျက်ရှိတာကိုပြသထားပါတယ်။ဒါပေမဲ့ နတ်ဆီကို တစ်ချိန်ကပျောက်သွားခဲ့တဲ့အစ်ကိုဖြစ်သူသန်ပြန်လည်ရောက်ရှိလာပြီး ညီဖြစ်သူနတ်ကို သူကျက်စားနေထိုင်ရာလူတွေကြားထဲခေါ်ဆောင်သွားခဲ့ပါတယ်။ နတ်နဲ့သန်တို့ညီအစ်ကိုဟာ တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြပြီးနတ်ကလည်း အစ်ကိုပြောသမျှကို ယုံစားခဲ့ပါတယ်။နတ်မသိတာက တကယ်တော့သန်ဟာ လူတွေကိုသတ်ဖြတ်ပြီးလူတွေရဲ့သွေးကိုသောက်သုံးပြီးတာနဲ့ အလောင်းတွေကိုဖျောက်ဖျက်နေတဲ့လူသတ်သမားတစ်ယောက်ဆိုတာပါပဲ။ဒါပေမဲ့ တစ်ရက်မှာတော့ အရမ်းချစ်ကြတဲ့သွေးစုတ်ဖုတ်ကောင်ညီအစ်ကိုနှစ်ဦးရဲ့ကြားကို ဟာဆိုတဲ့လူသားကောင်မလေးတစ်ယောက်ဝင်ရောက်လာချိန်မှာညီအစ်ကိုနှစ်ယောက်ကြားကအားပြိုင်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ရုပ်ရှင်နဲ့အတူလိုက်ပါစီးမျောရင်း ခံစားကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

The film revolves around a familiar legend that ancient vampires hunted humans to suck their blood and were mostly destroyed. The living individuals will cluster together, setting a rule not to kill people so they can live safely.

Show more...
Download Quality File Size Language Click
Link 1 1080p 2.34 Gb Myanmar HardSub 0