A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Knuckles : Sonic the Hedgehog ထဲက နက်ကယ်လေးရဲ့ spin-off series ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ထွက်ရှိမယ့် Sonic 3 မတိုင်ခင် အလွမ်းပြေအနေနဲ့ ကြည့်ရှုနိုင်ဖို့ ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။

ဒီ miniseries လေးမှာတော့ Sonic ရဲ့ ဘော်ဒါကြီး ဂွကျသူ အနီရောင် အီခစ်ဒ်နာလေး နက်ကယ်က ဝိတ်ကို အီခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမှာပဲဖြစ်ပါတယ်။ ဝိတ်အဖြစ် Adam Pally နဲ့ နက်ကယ်အဖြစ် Idris Elba ကပဲ အသံသရုပ်ဆောင်ထားတာဖြစ်ပြီး အပိုင်း ၆ ပိုင်းထွက်ရှိထားပါတယ်။

နက်ကယ်က ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရင်းနဲ့ ဝိတ်ကို အစ်ခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးလိုက်ပါဆိုတဲ့ သူ့အကြီးအကဲရဲ့စကားကို လိုက်နာရင်း မစ်ရှင်အသစ်ကို ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ ကိစ္စတွေက ထင်သလိုမဖြစ်ဘဲ နက်ကယ့်ရဲ့အစွမ်းတွေကိုယူပြီး
ရောင်းစားချင်တဲ့ အေးဂျင့်အဖွဲ့က သူတို့ကို ဒုက္ခပေးဖို့ ကြိုးစားလာရာမှာတော့..
၆ ပိုင်းပေမဲ့ တစ်ပိုင်းကို နာရီဝက်လောက်ပဲမို့ ပေါ့ပေါ့ပါးပါးနဲ့ ရှုစားလိုက်ကြပါဦး။

(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)

A spinoff series that focuses on Knuckles and his journey assisting and training a middle-aged male cop to become better and succeed in life. Along the way, they are both target a secret group who want to steal all of their power and use it for themselves. Written by RECB3

Show more...