A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Cold in July: ညနက်သန်းခေါင် သူ့အိမ်ထဲကို ကျူးကျော်ပြီးဝင်လာတဲ့Freddy Russell ဆိုတဲ့သူကို မတော်တဆသတ်မိသွားတဲ့အခါ၊ထင်မှတ်မထားတဲ့အဖြစ်ကြောင့် Freddy အဖေ ထောင်ထွက်
လူမိုက်ကြီးက Richard Dane တို့မိသားစုကို လက်စားချေဖို့ကြံစည်လာတဲ့အခါ…Richard တယောက် ကြံရာမရဖြစ်ပြီး ရဲတပ်ဖွဲ့ကိုအကူအညီတောင်းပါတော့တယ်။ ဒါပေမဲ့ Freddy အဖေကိုရဲတွေက လူမသိသူမသိလုပ်ကြံဖို့ ကြိုးစားတဲ့အခါ ဒီနောက်ကွယ်မှာတော့ FBI ရဲ့ ဘယ်လိုပူးပေါင်းကြံစည်မှုတွေ၊လှည့်ကွက်တွေရှိနေတာလဲ။ Richard Dane တယောက်ဘယ်လိုလှည့်စားခံခဲ့ရတာလဲ။Richard က Freddy အဖေကိုကယ်ထုတ်ပြီးသူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြတဲ့အခါ Freddy အစစ်ကိုရှာပုံတော်ဖွင့်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အစပိုင်းမှာရိုးရိုးရှင်းရှင်းစတင်ထားတယ်ဆိုပေမဲ့ နောက်ပိုင်းမှာတော့အထူးစုံထောက်ကြီး Johnson ကပါ ပူးပေါင်းပါဝင်လာတဲ့အခါရာဇဝတ်မှုအရှုပ်တော်ပုံကြီးကို တဆင့်ပြီးတဆင့် ဖော်ထုတ်သွားကြမှာဖြစ်ပါတယ်။ အချိန်ပေးပြီး ကြည့်ရကျိုးနပ်စေမယ့်မှုခင်းစုံထောက်ဇာတ်ကားကောင်းဖြစ်လို့ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။

Show more...