A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Ikai Dek Wat Chedi: • တစ်ခါတုန်းက ဘုန်းဘုန်းတစ်ပါးက ၁၀ နှစ်အရွယ်ကောင်လေးကို
စီချွန်ပြည် ဘန်ချာလုံရွာလေးက စွန့်ပစ်ဘုရားကျောင်းတစ်ခုကို စောင့်ရှောက်ဖို့အပ်ထားခဲ့တယ်
ကောင်လေးကိုမှာထားခဲ့တဲ့စကားက “သီလသမာဓိရှိတဲ့သူရောက်မလာခင်ထိ စောင့်ရှောက်ရမယ်” တဲ့
• အဲဒီလိုနဲ့ နှစ်ပေါင်း ၁၀၀ ကြာပြီးတဲ့နောက်မှာတော့ ကန်နဲ့ဖီအက်လို့ခေါ်တဲ့
ညီအစ်ကိုနှစ်ယောက် အလောင်းကစားလုပ်ဖို့ ချာလုံရွာကို ရောက်လာခဲ့တယ်
ရွာထဲရောက်တာနဲ့ ရွာကလူဆိုးနဲ့ပြဿနာတက်ပြီး ထွက်ပြေးရင်း
စွန့်ပစ်ဘုရားကျောင်းမှာ ခိုင်လို့ခေါ်တဲ့ ထူးဆန်းတဲ့ကောင်လေးနဲ့တွေ့လိုက်ရတယ်• စွန့်ပစ်ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်အထင်နဲ့
စီချွန်ပြည်ရဲ့အာဏာရှိလူကလည်း ဘုရားကျောင်းက ရတနာတွေကို မရမကရှာဖို့ ကြိုးစားနေတဲ့အခါ..• ဘုရားကျောင်းကိုစောင့်ရှောက်နေရတဲ့ ၁၀ နှစ်အရွယ်ကောင်လေးကရော ဘယ်သူလဲ?
• ကန်တို့ညီအစ်ကိုနှစ်ယောက်ကရော လူဆိုးတွေလက်က လွတ်ပါ့မလား?
• ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်ဆိုတာကရော အမှန်ပဲလား? ဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးနော်

Show more...