A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

City on Fire: Directed by “Ringo Lam”John Woo ဟာ ၁၉၈၆မှာ A Better Tomorrow နဲ့ Heroic Bloodshed Genre ကို ရုပ်လုံးပေါ်စေခဲ့ပြီးနောက် ချောင်ယွန်ဖတ်လည်း နာမည်ပြန်တက်လာခဲ့တယ်။ ဒီတက်လာတဲ့ သူ့နာမည်ကို ဆက်ထိန်းနိုင်ခဲ့တဲ့ကားတွေလည်း သူဆက်တိုက်ဆက်ရိုက်ခဲ့တယ်။ City on Fire (1987) ဟာ A Better Tomorrow ပြီးတဲ့နောက် အာရှတစ်ခွင်ရော မြောက်အမေရိကမှာပါ လူသိများလာတဲ့ ချောင်ယွန်ဖတ်ကို ဆထက်တိုးလူသိများအောင် လုပ်ပေးခဲ့တယ်။ ရင်ဂိုလန်းကတော့ City on fire နဲ့ စအောင်မြင်လာခဲ့သလို City on Fire နဲ့ပဲ ဟောင်ကောင်အကယ်ဒမီမှာ ဒါရိုက်တာဆုခဲ့ရတယ်။ နောက် Prison on Fire ကို ဆက်ရိုက်ခဲ့တယ်။ ဒီ Prison on Fire ကို ကိုးရက်အတွင်းဇာတ်ညွှန်းရေးခဲ့ပြီး ရက်နှစ်ဆယ်အတွင်းရိုက်ခဲ့ပေမဲ့ ဝေဖန်ရေးသမားတွေ ပါးစပ်ဖျားမှာ သူ့ရဲ့ အအောင်မြင်ဆုံးကားလည်းဖြစ်နေတယ်။ နောက် School on Fire ဆက်ရိုက်ခဲ့တယ်။ နောက် အမေရိကန်ကိုတက်ပြီး ဗန်ဒိန်းနဲ့ သုံးလေးကားရိုက်ခဲ့သေးတယ်။ သိပ်တော့ မအောင်မြင်လိုက်ဘူး။အဲဒီကားတွေထဲမှာ သူ့အအောင်မြင်ဆုံးကတော့ City on Fire လို့ပြောရမှာပဲ။ အဲဒါကလည်း တာရန်တီနိုကြောင့်လို့ပဲပြောရမလိုလို။ တာရန်တီနိုရဲ့ Reservoir Dog က City on Fire ကို Homage ပေး Inspiration ယူထားတယ်လို့ တာရန်တီနိုကိုယ်တိုင်လည်းပြောဖူးတယ်။ It influenced me a lot လို့ပြောဖူးတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေကြားတော့ Reservoir Dog ဟာ Reservoir Dog ကို ကူးထားတာသက်သက်ပဲလို့ ဝေဖန်ကြတာလည်းရှိဖူးတယ်။ ပုဂ္ဂလိကအမြင်အရတော့လည်း Inspiration ယူတာထက်တော့ပိုနေတယ်။ ဒါပေမဲ့လည်း အရသာတော့မတူပါဘူး။ Reservoir Dog ကို တာရန်တီနိုဟာ သူ့နည်းသူ့ဟန် သူ့အငွေ့အသက်နဲ့ သူရိုက်ခဲ့သလို City on Fire ရဲ့ ဟောင်ကောင်အငွေ့အသက်တွေကို သူမယူခဲ့ပါဘူး။ ယူလို့လည်းမရပါဘူး။ ယူချင်လည်းမရပါဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ Reservoir Dog ကလည်း ရုပ်ရှင်ကောင်းတစ်ခုပဲ။ ရင်ဂိုလန်းကိုယ်တိုင်လည်း The French Connection ဆီက Inspiration ယူခဲ့ရတာပါပဲ။ ဒါပေမဲ့ Heroic Bloodshed Genre ဟာ ဟောလိဝုဒ်ကိုရော ဟောင်ကောင်ကိုရော ထိုးဖောက်ခဲ့သလို City on Fire ကလည်း အသွင်ယူရဲကားတွေရဲ့ နမူနာယူစရာအသစ်တစ်ခုလိုဖြစ်လာခဲ့တယ်။
ဇာတ်ကတော့ ချောင်ယွန်ဖတ်က အသွင်ယူရဲ။ အသွင်ယူတာက ပိုးစိုးပက်စက်ကြီးအသွင်ယူတာ။ သူ့အထက်လူကြီးကလွဲ သူ့ကိုဘယ်သူမှမသိဘဲ လူဆိုးသူခိုးထင်ပြီး တခြားရဲကပါ ပြန်ဖမ်းဖို့အလုပ်ခံရတဲ့အထိ အသွင်ယူတာ။ Infernal Affairs ပုံစံမျိုးပေါ့။ ဒါပေမဲ့ သူသတင်းပေးလိုက်တဲ့ လူဆိုးတစ်ယောက်က သူ့မိတ်ဆွေလည်းဖြစ်ခဲ့ဖူးတော့ အဲဒီလူသေသွားတဲ့နောက် သူ့မိတ်ဆွေကို သူသစ္စာဖောက်လိုက်မိတဲ့စိတ်က သူ့ကိုခြောက်လှန့်နေခဲ့တယ်။ ဒီတော့ သူက ဒီဘဝက ထွက်ချင်နေပြီ။ ဒါပေမဲ့ သူ့အထက်လူကြီးက သူ့ကိုနောက်ဆုံးတစ်မှုတော့လုပ်ပေးပါဆိုပြီးပြောလို့ အဲဒီအမှုအတွက် လူဆိုးတွေကြားဝင်ရင်း ဆက်ဖြစ်လာတဲ့ ဇာတ်ကိုပြထားတဲ့ ဟောင်ကောင်ရွှေခေတ် ကားကောင်းတစ်ကားပါပဲ။

Show more...