A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Sometimes I Think About Dying: ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလိုစိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။
အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Warsရုပ်ရှင်တွေထဲက’ရေး’အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီးDaisy Ridleyဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှုအသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေးဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသထားတာနဲ့ပိုတူတယ်ဗျ။ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်းတွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိကြတဲ့အဖြစ်မျိုးပေါ့….။ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာအလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေစဖြစ်ခဲ့ပါတယ်…။သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။

Show more...