A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Balls of Fury: ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့
သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ FBI တွေက ရောက်လာပြီး နာမည်ကြီးလူဆိုးတစ်ယောက်ကိုဖမ်းဆီးဖို့အတွက် သူ့ရဲ့ ပင်ပေါင်အရည်အချင်းကို အလိုရှိကြောင်းလျှို့ဝှက်စစ်ဆင်ရေး စေလွှတ်ချင်ကြောင်းတွေ ပြောပြပြီးတရုတ်တန်းက မျက်မမြင်ဘိုးတော်ကြီးနဲ့ သင်တန်းအပ်ကာဒီလူဆိုးကြီးကို ဘယ်လိုတွေ ဖမ်းကြမလဲဆိုတာပေါက်တတ်ကရ ဟာသတွေနဲ့ ပျော်ပျော်ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ရုပ်တည်ကြီးတွေ ထထဖောက်တဲ့ ဟာသတွေဆို တကယ်ရယ်ရပါတယ်။တစ်ခုပြောချင်တာကတော့ ဒီလိုဟာသကားကိုRating မကြည့်လိုက်ပါနဲ့ ဒီလို စိတ်မောလူမောကာလလေးမှာမိတ်ဆွေတို့ကို တင်္ဒကလောက်တော့ အမောအပန်းတွေပြေသွားစေမယ့် ဟာသကားဟောင်းလေးပါလို့ ပြောလိုက်ပါရစေဗျာ…။

Show more...