A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Apples Never Fall Trailer
Watch
Movie plot

Apples Never Fall: IMDb 6.9 ရထားတဲ့ peacock tv ရဲ့drama mystery

ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။

ငွေကြေးချမ်းသာပြီး West Palmရဲ့ဂုဏ်သရေရှိမိသားစုလည်း

ဖြစ်တဲ့ တင်းနစ်သင်တန်းကျောင်းဖွင့်ထားတဲ့ ဒလန်နီမိသားစုထဲက

အရှုပ်အရှင်းတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။

မြို့ရဲ့မျက်နှာဖုံး ဂုဏ်သရေရှိ တင်းနစ်ချန်ပီယံ ဂျွိုင်းနဲ့စတန်တို့မှာ

ထရွိုင်း လိုဂန် ဘရွတ်ခ်နဲ့ အေမီဆိုတဲ့ သားသမီး ၄ ယောက်ရှိပြီး

အောင်မြင်တဲ့ တင်းနစ်သင်တန်းကျောင်းကြီးကို ဦးစီးနေကြတာပေါ့။

သားသမီး ၄ ယောက်ထဲမှာ အဖေနဲ့အမေလို တင်းနစ်ပါရမီပါတဲ့

သူတွေရှိပေမဲ့လည်း ဘယ်သူမှ တင်းနစ်သင်တန်း ကျောင်းကို

ဦးစီးမယ့်သူမရှိလေတော့ သူတို့အနားယူချိန်မှာ သင်တန်းကြီးကို

ပိတ်လိုက်ရတာပေါ့။

လူတိုင်းက အလုပ်လုပ်နေရချိန်မှာတော့ ပင်စင်ယူချိန်

အနားယူချိန်ကိုတမ်းတနေတတ်ကြပြီး အနားယူရင် ဘာလုပ်မယ်

ညာလုပ်မယ် ကြိုတင်စီစဉ်နေပေမဲ့ တကယ်တမ်းပင်စင်ယူရချိန်

မှာတော့ ရင်ထဲဟာပြီး အလိုမကျဖြစ် စိတ်ဆတ်တတ်ကြပါသတဲ့။

ဂျွိုင်းနဲ့စတန်တို့လည်း ဒီလူတွေထဲမှာ အပါအဝင်ပါပဲ။ ယှဉ်ပြိုင်လို

စိတ်များပြီး တသက်လုံးအလုပ်နောက်လိုက်နေခဲ့တဲ့ စတန်နဲ့ဂျွိုင်းတို့

အချိန်တန်ပင်စင်ယူချိန်ရောက်တော့လည်း သားသမီး ၄ ယောက်က

အဖေနဲ့အမေအပေါ် နွေးနွေးထွေးထွေး မရှိကြပါဘူး။

အမြဲတမ်း miss callမြင်ရင် ဖုန်းပြန်မခေါ်တာမျိုး စာမပြန်တာမျိုး

မရှိတဲ့ ဂျွိုင်းတစ်ယောက် စာမပြန်ချိန် ဖုန်းမကိုင်ဖြစ်ချိန်မှာတော့

သားသမီး ၄ ယောက် စပြီး တော့ စိတ်ပူပြီး အဖေ့ကိုဖုန်းဆက်၊

အဖေကလည်း အမေပျောက်နေတဲ့အကြောင်းကို လိမ်ပြီးလှည့်ပတ်

ပြောနေလို့စုံစမ်းရာကနေ အမေပျောက်နေတာ ၄ ရက်ရှိပြီဆိုတာနဲ့

အမေမပျောက်ခင်မှာ သူတို့အိမ်မှာ ဆဗန်နာဆိုတဲ့မိန်းကလေး

တစ်ယောက် အတူလာနေသွားတာကို သိလိုက်ရချိန်မှာတော့….

နွေးထွေးမှုတွေပျောက်ဆုံးနေတဲ့ မိသားစုပီပီ ခပ်တန်းတန်း နေခဲ့ရာကနေ

တကယ်တမ်း အမေပျောက်သွားတော့မှ လိုက်စုံစမ်းရင်းနဲ့မှ

ဘာလျှို့ဝှက်ချက်တွေ ထွက်လာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

Show more...