A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

A Very Vermont Christmas: ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe’s ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ အကြပ်​ရိုက်​ပြီး သူတို့​ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီ​ကြီး​တွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။
အဲဒီ​အချိန်​မှာပဲ Zac ဆိုတဲ့ မျက်​နှာ​စိမ်း​ဧည့်သည်​တစ်ယောက်​နဲ့ Joy တို့ ခင်​မင်​ရင်းနှီး​သွားကြပြီး Zac က တကယ်​တမ်း​မှာ Joy​ တို့​နဲ့ ပြိုင်​ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်​နေသူမှန်း သိလိုက်ရ​ပါတယ်။ တစ်​ချိန်​တည်း​မှာ နှင်း​လျှော​စီး​ဘီယာ​ပြိုင်ပွဲ​ ကျင်းပ​ဖို့​ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်​လိုက်​ရင် Joy​ တို့​ မိသားစု​လုပ်​ငန်း ဆက်​လက်​ရပ်တည်​နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီ​ယူပြီး ဘီယာ​အသစ်​တစ်​ခု​မျိုး​ကို ဖန်တီး​ဖို့ကြိုးစားပါတော့တယ်။ခရစ္စမတ်၊ ဘီယာ​နဲ့ နှင်း​လျှော​စီး​အားကစား​ theme သုံး​ခု​ ပေါင်း​စပ်​ထား​တဲ့ ကြည်​နူး​စရာ အချစ်​ရုပ်ရှင်​လေးဖြစ်ပြီး ပေါ့​ပေါ့ပါး​ပါး​ ကြည့်​ရှု​နိုင်​မဲ့ ဇာတ်လမ်း​လေး​တစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်​ကလည်း တစ်နာရီ​ခွဲတောင် မပြည့်တာမို့ စိတ်​ပင်​ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန်​ Family​/ Romance​ ဇာတ်​ကားလေးဖြစ်ပါတယ်။

A local champion skier and Vermont brew master team up as an unlikely match to create a seasonal microbrew, in order to save her family’s business by Christmas.

Show more...