Vermiglio 2024“စစ်ပွဲဆိုတာ တိုက်ရိုက်ပတ်သက်နေတာမဟုတ်ရင်တောင်
အနည်းနဲ့အများတော့ သက်ရောက်မှုရှိတာပါပဲ။
ဒါပေမဲ့ စစ်ကြီးတစ်ခုဖြစ်လာပြီးဆိုရင် ဒီအပြစ်က
ဘယ်သူ့ကြောင့်မှမဟုတ်သလို ဘယ်သူမှလည်း
သေနတ်ဆွဲတိုက်ခိုက်ရတာ ပျော်ရွှင်နေတာ မဟုတ်ဘူး”အခုတင်ဆက်ပေးချင်တာကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး
ကာလတစ်ခုဗာမီလီယိုဆိုတဲ့ တောင်ပေါ်ရွာလေးတစ်ခုကို
အခြေတည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ဒုတိယကမ္ဘာစစ်တွင်းကာလဆိုတော့ သန်မြန်တဲ့ယောက်ျားတွေက
စစ်ထွက် မိန်းမတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ နောက်မှာကျန်ခဲ့ပြီး
ဘဝကို ရှေ့ဆက်ရုန်းကန်ရတာပေါ့။ စစ်ပွဲက အဝေးတစ်နေရာ
မြို့ထဲမှာ ဖြစ်ပျက်နေတာဆိုပေမဲ့ စစ်ပွဲရိုက်ခတ်မှုဒဏ်ကိုတော့
ဒီရွာလေးလည်း အလူးအလဲခံရတာပဲပေါ့။
စားဝတ်နေရေးတောင် ရုန်းကန်နေရတာဖြစ်လို့ ပညာရေးဆိုတာ
ရုန်းကန်နေရချိန်မှာ ရွာကျောင်းဆရာရဲ့ပညာသင်ရမယ်ဆိုတဲ့အတွေးနဲ့
ရွာသားတွေကြားက ပညာသင်နေတာထက် စစ်ထဲဝင်တိုက်ဖို့ကိုသာ
အားသာနေတဲ့ကြား အတွေးအမြင်တွေလည်း ကွဲလွဲလို့ပေါ့။ဒီလို စစ်တွင်းကာလ ဝေးလံခေါင်ဖျားရွာငယ်လေးရဲ့ တိတ်ဆိတ်နေတဲ့
နေ့စဉ်ဘဝထဲကို စစ်ပြေးတပ်သားတစ်ယောက် ရောက်လာချိန်မှာတော့…(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)
1944. In Vermiglio, a mountain village where the war is a distant but omnipresent horizon, the arrival of Pietro, a soldier escaping the war, disrupts the dynamics of the local schoolmaster’s large family, changing them forever. The love between Pietro and Lucia, the eldest daughter, leads to their marriage and an unexpected destiny.