အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Bank Job: ဒီဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း သည်းထိပ်ရင်ဖိုဘဏ်ဖောက်ကားတစ်ကားပါ။ဒီဇာတ်ကားမှာတော့ Jason Statham က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။
ဟာကင်မ်ဆိုတဲ့ မူးယစ်ဆေးမှောင်ခို ဒုစရိုက်သမားတစ်ယောက်ဟာ ဗြိတိသျှတော်ဝင်မင်းသမီးတစ်ယောက်ရဲ့ ညစ်ညမ်းတဲ့ဓာတ်ပုံတချို့ကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ခြိမ်းခြောက်အကျပ်ကိုင်နေတယ်။ သူ့ရဲ့ဓာတ်ပုံတွေကို ဘဏ်တစ်ဘဏ်ရဲ့ အလုံပိတ်ခန်းတစ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားတယ်လို့ ဗြိတိသျှထောက်လှမ်းရေးက သတင်းရတယ်။ အဲဒီအခါမှာ ဒီဘဏ်ကိုဖောက်ထွင်းဖို့အတွက် အကြောင်းဖန်လာတော့တယ်။ ဒါကြောင့် ဘဏ်ကိုဖောက်ဖို့အတွက် တယ်ရီ( Jason Statham)ဦးဆောင်တဲ့ လူဆိုးတစ်ဖွဲ့ကို ငှားပြီး အကောင်အထည်ဖော်ပါတော့တယ်။ဒီဇာတ်ကားဟာ တခြားစိတ်ကူးယဉ် ဘဏ်ဖောက်ကားတွေလိုမဟုတ်ဘဲ ဖြစ်ရပ်မှန်ဖြစ်တာကြောင့် လက်တွေ့ဆန်တယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်။ အပိုအလိုတွေမပါဘဲ ထိထိမိမိရိုက်ကူးတင်ဆက်ထားနိုင်တယ်။ အစိုးရအရာရှိကြီး တွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အကွက်ချကြံစည်မှုတွေကို အရှိကိုအရှိအတိုင်း မချန်လှပ်ပဲပြသထားတာပါ……

Show more...