အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Penelope Trailer
Watch
Movie plot

Penelope: Season 1 (စ/ဆုံး)
လူရယ်လို့ ဖြစ်လာရင် ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်နိုင်ဖို့က သိပ်ကိုအရေးကြီးပါတယ်…..တချို့က အလုပ်နဲ့ ဝါသနာထပ်တူကျပေမဲ့ တချို့ကျ ဝမ်းရေးအတွက် ဝါသနာမပါတဲ့အလုပ်ကိုလုပ်ကိုင်နေရတာ လူ့သဘာဝပါပဲ…..အဲဒီထက်ပိုဆိုးတာက ကိုယ်ဘာဖြစ်ချင်နေမှန်း ဘာကိုဝါသနာပါမှန်း မသိတဲ့သူတွေပါ….သိလျက်နဲ့ မလုပ်နိုင်တာထက် ဘာလုပ်ချင်မှန်းမသိတဲ့ဘဝကပိုလို့ဆိုးပါတယ်…..အဲဒီထဲမှာမှ ကိုယ်လုပ်ချင်တာကိုလည်းသိတယ် လုပ်နိုင်ဖို့လည်း စွန့်စားရဲတဲ့သတ္တိရှိတယ် စွန့်လည်းစွန့်စားတယ်ဆိုရင်တော့ တချိန်မှာပျော်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်ကြရမှာပါပဲ…..
ဒီကားလေးထဲမှာ အသက်၁၆နှစ်အရွယ်ကောင်မလေးတစ်ယောက်က သူ့ကို လူ့အသိုင်းအဝိုင်းတွေကြားထဲကနေ တောထဲလာဖို့ခေါ်နေသလို ခံစားနေရလို့ တစ်ယောက်တည်း တောထဲထွက်ဖို့ဆုံးဖြတ်ခဲ့တဲ့ကားလေးပါ တကယ်တော့ သူလည်းဘာကြောင့် ထွက်သွားချင်လဲသေချာမသိပေမဲ့ စွန့်စားရဲတဲ့သတ္တိနဲ့တစ်ယောက်တည်းထွက်လာခဲ့တာပါ အဲဒီလိုထွက်လာတဲ့အချိန် စိတ်ရဲ့ခံစားချက်အတိုင်းလိုက်လုပ်မိတာ မှန်ရဲ့လား ဘာအခက်အခဲတွေကြုံရမလဲ ကိုယ့်စိတ်တိုင်းကျနေရဖို့ဆို ဘာတွေစွန့်လွှတ်ရမလဲ ဆိုတာတွေကိုပါကြည့်ရမှာမို့ ရှုစားလိုက်ကြပါဦးလို့…..

Show more...