အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Crossing: IMDb – 7.5/10“ပျောက်သောသူရှာလျှင်တွေ့” တဲ့…စကားအရလွယ်ပေမယ့် လက်တွေ့မှာတော့မလွယ်ကူလှပါဘူး… အထူးသဖြင့် ကိုယ်ရှာနေတဲ့လူက အခြားနိုင်ငံတစ်ခုကိုရောက်သွားပြီး ဘာအဆက်အသွယ်မှလည်းမရှိခဲ့ရင်ပေါ့
ဒီ Crossing ဆိုတဲ့ဇာတ်ကားလေးမှာတော့ အငြိမ်းစားကျောင်းဆရာမ လီယာဆိုသူဟာ ပျောက်ဆုံး‌နေတာကြာပြီဖြစ်တဲ့ သူမရဲ့တူမ တက်ခ်လာ ကိုလိုက်ရှာဖို့ အစ္စတန်ဘူလ်ကိုခရီးထွက်လာခဲ့ပါတယ်…ခရီးစဉ်မှာမအေတူဖအေကွဲအကိုနဲ့အတူနေထိုင်ရတဲ့ မိဘမဲ့ အီချီဆိုတဲ့လူငယ်လေးက သူမကိုလိုက်လံကူညီပေးခဲ့ပါတယ်…အီချီကလည်း သူ့ရဲ့အမေကအစ္စတန်ဘူလ်အလုပ်လုပ်နေလို့လိုက်ရှာရင်းနဲ့ပါ…ဒီ‌ဇာတ်ကားရဲ့နောက်ထပ်အဓိက‌ဇာတ်ကောင်ကတော့ အစ္စတန်ဘူလ်မှာနေထိုင်တဲ့ အီဗရင်လို့ခေါ်တဲ့ လိင်ပြောင်းအမျိုးသမီးပဲဖြစ်ပါတယ်….သူမကရှေ့နေတစ်ဦးဖြစ်ပြီးတော့ သူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လိင်ပြောင်းအမျိုးသမီးတွေအတွက် မတရားမှုတွေ၊မမျှတမှုတွေကိုတိုက်ခိုက်ရင်း သူမရဲ့ဖြစ်တည်မှုကိုလက်မခံတဲ့လူ့အဖွဲ့အစည်းမှာ ကြံ့ကြံ့ခံမှုကိုပြသနေသူပဲဖြစ်ပါတယ်….ဒီလိုနဲ့ တက်ခ်လာကိုလိုက်ရှာနေကြတဲ့လီယာနဲ့အီချီတို့ဟာ အီဗရင်နဲ့တွေ့ဆုံခဲ့ပြီး အီဗရင်ကပါကူညီလိုက်ရှာပေးခဲ့ပါတယ်…. ဒီဇာတ်ကားမှာ လိင်ပြောင်းအမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ကိုယ်ကိုရှာဖွေမှုကို ဖွင့်လှစ်ပြသထားပါတယ်….
Lia, a retired teacher, made a promise to find out what happened to her long lost niece Tekla. When Lia learns from Achi, a neighbour, that Tekla might be living in Turkey, they set off together to find her. In Istanbul they discover a beautiful city full of connections and possibilities – but looking for someone who never intended to be found is harder than they thought. Until they meet Evrim, a lawyer fighting for trans rights. As Lia and Achi weave their way through the city’s backstreets, Tekla starts to feel closer than ever. Written by Totem Films

Show more...