အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Mother, Couch! Trailer
Watch

Mother, Couch!

96 min

Country: United States

Director: Niclas Larsson

Genres: Comedy, Drama

0/ 5 0 votes
Movie plot

Mother, Couch!: နာမည်နဲ့တင်ထူးဆန်းနေတဲ့ Mother, Couch ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ နာမည်ထဲကအတိုင်း အမေနဲ့ဆိုဖာတစ်လုံးကို
ဦးတည်ပြီး ဇာတ်အိမ်တည်ထားတာပါ။အသက် ၈၂ အရွယ် အဘွားကြီးတစ်ယောက်ဟာ Oakbed ဆိုတဲ့ပရိဘောဂအ‌ဟောင်း ဆိုင်ထဲကိုဝင်ပြီး ဆိုဖာအစိမ်းရောင်ကြီးပေါ်မှာသွားထိုင်နေပါတယ်။ ခဏထိုင်တာ ကိစ္စမရှိပေမဲ့ အဘွားကြီးကတော့ဆိုဖာပေါ်မှာ ထိုင်ရာကမထဘဲ အိမ်မပြန်ဘူးငြင်း‌ရာကနေ ပြဿနာကစပါတော့တယ်။ သူ့သားအကြီးဖြစ်တဲ့ ဂရစ်ဖ်ကတော့ ဒီကိစ္စကိုပေါ့ပေါ့တန်တန်ပဲတွေးပြီး ပရိဘောဂဆိုင်ကကောင်မလေးနဲ့ ပရောပရည်လုပ်လို့နေပါတယ်။ အဲဒီအချိန်မှာ သားအငယ် ဒေးဗစ်ဟာ သူ့သမီး မွေးနေ့ပွဲကိုသွားရမဲ့ကြားကနေ အမေကိုအိမ်ပြန်ပို့ဖို့ရောက်လာခဲ့ကာ စိတ်မကျန်းမာတဲ့ပုံပေါက်နေတဲ့မိခင်ကို ဆိုဖာကြီးကနေထပြီး အိမ်ပြန်ဖို့ ချော့မော့ပြောပါတော့တယ်။ဘယ်လိုပဲကြိုးစားကြိုးစား ဆိုဖာထိုင်ခုံပေါ်ကနေထဖို့စိတ်ကူးလုံးဝမရှိတဲ့အမေနဲ့ သူ့သားသမီးတွေကြားက ဆက်ဆံရေးကို တစ်စတစ်စပုံဖော်သွားပြီးအဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေးဗစ်ရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ မွန်းကြပ်ပေါက်ကွဲမှုတွေကို ဖြည်းဖြည်းချင်းစီ ချပြသွားတာပါ။အစတုန်းက ဒီရုပ်ရှင်ကို ရိုးရိုးတန်းတန်း family/drama လို့ပဲထင်ခဲ့ပေမဲ့တကယ်တမ်းကြည့်ကြည့်လိုက်တော့မှ psychology/drama အမျိုးအစားဖြစ်နေတာပါ။ဒေးဗစ်နဲ့သူ့မိသားစုကိုဦးတည်ထားတဲ့ metaphor တွေ၊ တွေးကြည့်မှသဘောပေါက်နိုင်မဲ့အရာတွေနဲ့ အဓိကဇာတ်ကောင်ရဲ့စိတ်ခံစားချက်တွေနဲ့trauma တွေအကြောင်း ကောင်းကောင်းကြီးကြည့်ရှုရမဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

Show more...