A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Reversed Destiny
Watch

Reversed Destiny

Sandglass

110 min

Country: China

Director: Wen Jing

Actors: Beiyue LiJiakai WuJustin HuangMingchen GaoShang'en BaoTian QiuVivi ChenYou Zhou

Genres: Drama, Romance

0/ 5 0 votes
Movie plot

Reversed Destiny: အတူတူလျှောက်လှမ်းခဲ့တဲ့လူတွေဟာတစ်ချိန်ချိန်မှာ ခွဲခွာရမှာပဲ
ဆုံးရှုံးလိုက်ရတဲ့အရာတွေက အတိတ်လို့ပဲထင်ခဲ့တယ်။
ဒါပေမယ့် ငယ်ရွယ်နုပျိုခဲ့တဲ့အချိန်တွေကိုနောက်ပြန်လှည့်ကြည့်လိုက်မှ
ပိုင်ဆိုင်ခဲ့ဖူးတာတွေက အကြီးမားဆုံးကံကောင်းခြင်းဆိုတာသိလိုက်ရတယ်။
သဲနာရီဟာတစ်ဖက်ကနေသဲမှုန်တွေအကုန်ကျသွားဖို့ ၉၉စက္ကန့်ကြာတယ်လို့ဆိုတယ်။
ဘဝမှာအခက်အခဲတွေဘယ်လောက်ပဲကြုံနေရပါစေ
၉၉စက္ကန့်အတွင်းမှာ သဲနာရီလိုအခြေနေတွေပြောင်းလဲသွားဖို့ဖြစ်နိုင်ပါတယ်။ဇာတ်လမ်းလေးကတော့……
အမေဖြစ်တဲ့သူက တခြားကလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းသေဆုံးသွားတယ်။
အဲဒီအချိန်ကစပြီးတော့ အဖေဖြစ်သူကအရက်ကိုပဲနေ့ညမပြတ်နေခဲ့ပြီးတော့
အတန်းဖော်တွေကရှောင်ဖယ်ပြီး အနိုင်ကျင့်တာခံနေရတဲ့
မိခင်မဲ့သူ …… မော့ရှင်ရှင်
ချမ်းသာပြီး အရာရာပြီးပြည့်စုံတဲ့ တောက်ပတဲ့နေရောင်လို
မှောင်မိုက်တဲ့မော့ရှင်ရှင်ရဲ့ဘဝထဲကိုဝင်လာသူ …… မီရှား
ဒါရိုက်တာဖြစ်ဖို့အိပ်မက်ရှိပြီး နွေးထွေးတဲ့စီနီယာတစ်ယောက်ဖြစ်တဲ့လုလီ
(၃)ယောက်အတူအမှတ်ရစရာကောင်းတဲ့
အထက်တန်းကျောင်းသားဘဝကိုကျော်ဖြတ်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။
လူငယ်လေးတွေရင်ထဲက ခါးသီးမှု၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်မှုနဲ့
ထိရှလွယ်တဲ့စိတ်ခံစားချက်တွေကြောင့် အချစ်နဲ့ကာကွယ်မှုတွေကိုတွန်းဖယ်မိကြတယ်။
အချိန်နာရီတွေကြာလာတာနဲ့အမျှနုပျိုခြင်းတွေနဲ့ခွဲခွာကြရတယ်။
ဇာတ်လမ်းရဲ့နောက်ဆုံးမှာတော့ မေ့ပျောက်ခံရတဲ့အတိတ်က
အမှတ်တရတွေကို သဲနာရီကပဲအမှတ်ရပေးနေလိမ့်မယ်ထင်ပါတယ်။
အတိတ်ကိုပြန်လှည့်ကြည့်တဲ့အခါ ပြုံးနေနိုင်ဖို့
လက်ရှိပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားနိုင်ဖို့မျှော်လင့်ပါတယ်။

Mo faces a shattered family life. She must confront her father’s alcoholism from her peers, Fortunately, with the companionship of Mi Sha, and the warm-hearted senior Lu Li, she experiences a period of beautiful and comfortable youth.

Show more...