အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

All That Heaven Allows (1955)
IMDb: 7.6/10
Genre: Drama / Romanceအရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။
ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး “နှစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။
ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာသူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာနေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာလိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကိုဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့်လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်းသေချာတွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Douglas Sirkက ရိုက်ကူးထားပြီးမင်းသမီး Jane Wymanနဲ့ မင်းသား Rock Hudsonတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဝင်းဦးကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ဘယ်လောက်လက်ရာမြောက်လဲဆိုတာတော့ပြောဖို့လိုမယ်မထင်ပါဘူးဗျ။ အရမ်းကောင်းတဲ့ classic romanceရုပ်ရှင်တစ်ကားဖြစ်လို့ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။

Cary Scott is a widow with two grown children. She’s been leading a quiet life since her husband died, socializing with a small circle of friends. Her children no longer live with her full-time but come home every weekend. She’s not unhappy but also doesn’t realize how bored she is. Her friend Sara Warren encourages her to get a television set to keep her company but she doesn’t want that either. She develops a friendship with Ron Kirby who owns his own nursery and comes every spring and fall to trim her trees. Ron is much younger than Cary and their friendship soon turns to love. Her circle of friends are surprised that she is seeing such a younger man and she might be prepared to overlook that – Ron certainly doesn’t care about the differences in their ages – but when her son and daughter vehemently object, she decides to sacrifice her own feelings for their happiness. Over time however, she realizes that her children will be spending less and less time with her as they pursue their own lives an re-evaluates her decision. Written by garykmcd

Show more...