A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Gaami: Indian movieတွေက emotionတွေ dramaတွေပဲများနေလို့ ခပ်ဆန်းဆန်းလေးtryကြည့်ချင်သူတွေအတွက်
adventure ~ mystery တေလဂူကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လိုက်က သဲလွန်စတစ်ခုပြီးတစ်ခုရှာရင်းနဲ့ plotကို
တစ်စစဖော်ထုတ်တဲ့ quest adventure ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့်မူဗီလေးမလို့ ပိတ်ရက်နဲ့ကြုံတုန်း ရှုစားလိုက်ပါဦးစို့။ဇာတ်လမ်းအစမှာတော့ အရှင်သျှီဝကို ကိုးကွယ်တဲ့သူတွေရဲ့ကျောင်းမှာ တစ်ကျောင်းလုံးအပယ်ခံဖြစ်နေရှာတဲ့ရှန်ကာ၊ ဒီကျောင်းမှာ ဘာပြဿနာပဲဖြစ်လာလာ
ကျောင်းကိုအုပ်ချုပ်တဲ့သူကစလို့ အောက်ခြေသိမ်းအထိ ရှန်ကာကိုပဲ လက်ညှိုးထိုးကြပါတယ်။ အကြောင်းကတော့ ရှန်ကာကလူတွေနဲ့ထိတွေ့ရင်
ဓာတ်လိုက်သလိုခံစားရတဲ့ ထူးခြားတဲ့ရောဂါတစ်ခု ခံစားနေရပြီးတော့ ဘုရားကျောင်းတစ်ခုလုံးကတော့ ဒါကို အရှင်သျှီဝရဲ့ကျိန်စာ၊ ရှန်ကာက ဂြိုဟ်ဆိုးလို့ သတ်မှတ်ကြလို့ပါပဲ။ဒီကျောင်းက ထွက်သွားဖို့ဆိုပြန်တော့လည်း ရှန်ကာက အတိတ်မေ့နေတာဖြစ်ပြီး သူသိတဲ့တစ်ခုတည်းသောအရာက
သူ့ကိုလွန်ခဲ့တဲ့ ၁၅ နှစ်က မဟာဂုရုကြီး ကေဒါဘာဘာက သူ့ကိုဒီကျောင်းမှာ လာထားသွားတယ်ဆိုတာပါပဲ။
ဒီလိုနဲ့ ဂုရုကြီးကေဒါဘာဘာနောက်ဆုံးရှိတဲ့ကျောင်းကိုထွက်လာ ခဲ့ရင်းနဲ့ ဂုရုကြီးရဲ့တပည့်နဲ့ဆုံပြီး ဂုရုကြီးမှာခဲ့တဲ့
မီးလင်းတဲ့အနုမြူမှိုဆိုတာကိုရှာဖို့ ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။
တစ်ဖက်မှာလည်း စစ်တပ်ရဲ့လျှို့ဝှက်နေရာတစ်နေရာမှာ လူတွေကိုဖမ်းဆီးပြီးတော့ ဓာတ်နဲ့တို့ပြီး
စမ်းသပ်မှုတွေလုပ်နေပေမဲ့ လိုချင်တဲ့ရလဒ်အထိ မရောက်နိုင်တဲ့လူတစ်စုကရှိနေပြန်ပါတယ်။ရှန်ကာဓာတ်လိုက်သလိုခံစားနေရတာကရော ဓာတ်တို့စမ်းသပ်မှုတွေလုပ်နေတဲ့ စစ်တပ်ရဲ့လျှို့ဝှက်နေရာနဲ့
ဘာတွေပတ်သက်နေမလဲ။ မှတ်ဉာဏ်ပျောက်နေတဲ့ရှန်ကာကရော သူ့ဘဝရဲ့ဖြစ်တည်မှုကို ရှာတွေ့သွားနိုင်မလား ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V တို့ပဲဖြစ်ပါတယ်။)

Show more...