A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
396 view
Server Option:Server HY
Server HY

The Legend of Heroes: မက်မွန်မြေကချစ်တေးတစ်ပုဒ် or သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ

အသစ်ထွက်ရှိလာတဲ့ The Legend of Heroes (2024)
သိုင်းကားစစ်စစ်ဖြစ်ပါတယ်
ဂန္ဓာဝင်စာရေးဆရာကြီး ကျင်းယုံရဲ့ လက်ရာဖြစ်တဲ့
Condor Trilogy ထဲက ပထမဆုံး စာအုပ်ကို
ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်

သိုင်းကားစစ်စစ် ငတ်နေကြတဲ့ သိုင်းပရိသတ်တွေအတွက်တော့
မျှော်လင့်ထားရမယ့် စီးရီးတွဲတခုဖြစ်ပါတယ်
2020 နောက်ပိုင်း ဆရာကြီးကျင်းယုံရဲ့ Novel တွေကို
ပြန်ရိုက်သမျှ Remake တွေလိုပဲ အစဉ်အလာမပျက်
Fail ဦးမလား ဒါမှမဟုတ် အောင်မြင်မှာလားဆိုတာတော့
ကျွန်တော်တို့ဆက်လက်ရှုစားကြရအောင်ပါ

ရိုက်ကူးရေးမှာတော့
Director ၅ ယောက် နဲ့ Screen Writer ၅ ယောက် ပါဝင်ထားပါတယ်
Part တွေခွဲပြီးရိုက်ကူးသွားကြမှာဖြစ်ပြီး
Shen Li ရဲ့ ဒါရိုက်တာ အပြင် Legend Of Zhuo Hua ရဲ့
ဒါရိုက်တာလဲပါဝင်ကြောင်းသိရပါတယ်

ဇာတ်လမ်းကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေလဲ
ပါဝင်ကြတာဖြစ်တဲ့အတွက်
မျှော်လင့်ဖို့ထိုက်တန်တဲ့ Drama လေးတခုအဖြစ်
သိုင်းပရိသတ်တွေရင်ခုန်နေမှာအမှန်ပါပဲ

ဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဖြစ်တဲ့
The Legend of the Condor Heroes (射鵰英雄傳) ကို
၁၉၅၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့ပါတယ်
အခု ထွက်လာမဲ့ Drama မှာတော့ Part 5 ခုခွဲပြီး
ရိုက်ကူးတင်ဆက်သွားမယ်လို့
သိရပြီး စုစုပေါင်းအပိုင်း ၆၀ ပါဝင်မှာပါ
အရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊
မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့အကြောင်းကိုလဲ
အကျယ်တဝံ့ရိုက်ကူးတင်ဆက်မယ့်အခန်းတွေလဲပါပါတယ်

ဒီဇာတ်လမ်းရဲ့ ခေတ်ကိုတော့ စုန့်မင်းဆက်မှာ အခြေခံထားပါတယ်။
ကာလကတော့ ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေက
သဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်း
စာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။
သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်း
နန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီး
ကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေ
အကျင့်ပျက်ပြီး ပြည်သူတွေကို ဖိနှိပ်နေချိန်ပါ။ ဒါကြောင့် သိုင်းလောကသားတွေ
ဒီအတိုင်း ကြည့်မနေနိုင်တော့ဘဲ နေရာအနှံ့မှာ အကျင့်ပျက်အမတ်တွေကို
သုတ်သင်ရင်း တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ ဒီတိုက်ပွဲတွေကြားထဲမှာ ညပ်ပြီး
ဒုက္ခရောက်သွားတဲ့ ကောမိသားစုနဲ့ ယန်မိသားစု၊ သူတို့ရဲ့ သားတွေဖြစ်တဲ့
ကောကျင့် နဲ့ ယန်ခန်းတို့က အဓိက ဇာတ်ကောင်တွေဖြစ်လာပါတယ်။

သိုင်းလောကထဲမှာတော့ ဒီကာလမှာ ထိပ်သီးကြီး ၅ ဦးပေါ်ပေါက်လာပါတော့တယ်။
အရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့
အလယ်ပိုင်း သူတော်စင်တို့ပါပဲ။ ဒီဇာတ်လမ်းဟာ သိုင်းလောက နဲ့ နိုင်ငံရေးစစ်ရေးတွေကို
ဟာကွက်မရှိအောင် ရေးသားထားတဲ့ ဂန္ဓာဝင်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားတာပြီး
အခု ဒီ Remake ဟာ Hit ဖြစ်လာမလား Fail သွားမလားဆိုတာကိုတော့
ပရိသတ်ကပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်

Jin Yong Wuxia Universe is a collection of Jin Yong works adapted into drama by Tencent, with the Legend of the Condor Heroes will be the first title. Jin Yong Wuxia Universe: The Legend of the Condor Heroes series is divided into five short parts: Written by Soompi Forums

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments