MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Jujutsu Kaisen: ဒီဂျပန်ကာတွန်းကိုစကြည့်​တော့ ​ပေါက္ကံပြည်ကိုအိန္ဒိယက​နေ

(မ​လေးနိုင်ငံ ပီနန်ကျွန်းလို့လည်းတချို့က​ပြောကြတယ်) သ​င်္ဘော

ပျက်လို့ ပျဥ်ပြားဖက်ပြီး​ရောက်လာတဲ့ ဗျတ်ဝိ၊ ဗျတ္ထပဲ​ပြေးမြင််တယ်ဗျ။

နိုင်ငံခြားသားဆို​ပေမဲ့ ဘုန်းကြီး​ကျောင်းက ​ဇော်ဂျီဖိုဝင်သားခိုးစားရာ

က​နေ အစွမ်းရသွားလိုက်တာ အငယ်​ကောင်ဖြစ်တဲ့ဗျတ္ထရဲ့သား​​တွေ

အထိ အစွမ်း​တွေရခဲ့တယ်လို့ဆိုကြတယ်။ ဗျတ္ထသား​တွေဖြစ်တဲ့ ​

ရွှေဖျင်းကြီး၊ ​ရွှေဖျင်း​လေးတို့နှစ်​ကောင် ဘယ်​လောက်ကြမ်းလဲဆိုရင်

တရုတ်ပြည်က ဗိုက်ပူမြို့စားရဲ့ဗိုက်ကို ရန်သူ​ပေါင်း​သောင်း​ခြောက်​ထောင်

မကရှိ​နေတဲ့ကြားက ထုံးသွားကွင်းပြီး “ဖတ်၊ ဖတ်၊ ဖတ်”ရိုက်ကာ

ခြိမ်း​ခြောက်ခဲ့တဲ့အထိပါပဲ။ စွမ်းလွန်းလို့ ​သေသွားတာ​တောင် မင်းကြီး၊

မင်း​လေးဆိုပြီး မြန်မာတနိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူ​တွေ

ဖင်ဘူး​ထောင်း​ထောင်ပြီး ထိုင်ကန်​တော့ခဲ့ကြတာ အခုအချိန်အထိပဲဗျ။

ဒီစီးရီးရဲ့ဇာတ်လမ်းမှာလည်း ဇာတ်လိုက်မင်းသားဟာ ဆုခုနဆိုတဲ့

ကျိန်စာ​ကောင်ရဲ့လက်​ချောင်းကိုစားမိလိုက်တာက​နေ ​သောက်ကြမ်း

ကြီးဖြစ်သွားပါတယ်။ (မြန်မာမှာဆိုရင် နတ်ကွန်းပဲတင်ပြီး ဂျပန်

ဆာ​ကေးအရက်တိုက် ထိုင်ကန်​တော့​​နေကြ​လောက်ပြီ)။ ဒါ​ပေမဲ့လည်း

သူ့ထက်သူ​သောက်ကြမ်း​တွေရှိ​​နေ​တော့ ပိုပြီး​သောင်းကြမ်းဖြစ်​အောင်

ကြိုးစားတယ်​ပေါ့ဗျ။

ဒါက ဇာတ်လမ်းအကျဥ်း။

နည်းနည်းဖြည့်​ပြောချင်တာ​လေး​တွေဆက်​ပြောပါမယ်။

Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleach

ရဲ့ပရိသတ်အကြီးစားပါ။ ဒါ​ကြောင့် ဒီစီးရီးကိုကြည့်​နေရင်းနဲ့

bleachအ​ငွေ့အသက်မျိုးရပါလိမ့်မယ်။ (​ကော်ပီကူးတာ

မဟုတ်ဘူး​နော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting style

​တွေလည်းမတူဘူး)။ ပြီး​​တော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်က

ဘတ်ဂျက်ဗျ။ တပိုင်းကို ​အ​မေရိကန်​ဒေါ်လာတသိန်းခွဲသုံးခဲ့တာ

ဆို​တော့ သူ့ထက်ပိုများတာ dragon ball superပဲရှိပါတယ်။

ဒါ​ကြောင့်မလို့လည်း animation​တွေက တော်​တော်ကိုလှပ

သပ်ရပ်​နေတာပါ။ (သူ့​လောက်ဘက်ဂျက်သုံးထားတာဆိုရင်

aotရှိပါတယ်။ narutoလည်း တပိုင်း တသိန်းသုံးခဲ့တာပါ။

တခု​တော့ရှိတယ်ဗျ။ ​ငွေ​ကြေး​ဖောင်းပွတာနဲ့ပြန်တွက်ရင် narutoရဲ့

ထုတ်လုပ်မှုစရိတ်က တပိုင်း တသိန်းခွဲ​လောက်ရှိနိုင်ပါတယ်။

မြန်မာ​ငွေနဲ့ဆိုရင် သိန်း၄​ထောင့်ငါးရာ​လောက်​ပေါ့။ ​စျေးသိပ်မများပါဘူး။ 🤣)

အတွဲ ၂လည်း ဂျူလိုင်လဆိုရင် ကြာသပ​တေးညတိုင်းလာ​တော့မှာဗျ။

အတွဲ၂က​တော့ ဘတ်ဂျက်အဲ့​လောက်မသုံး​တော့ဘူးလို့ကြားတာပဲ။

ကဲပါ​လေ….ကြည့်​ကောင်းမ​ကောင်း ကိုယ်တိုင်သာကြည့်လိုက်ကြပါ​တော့

​တော်​သေးပြီ

Yuji Itadori, a kind-hearted teenager, joins his school’s Occult Club for fun, but discovers that its members are actual sorcerers who can manipulate the energy between beings for their own use. He hears about a cursed talisman – the finger of Sukuna, a demon – and its being targeted by other cursed beings. Yuji eats the finger to protect his friends, and ends up becoming Sukuna’s host. However, Yuji discovers that he has inherited magic and is able to control this power without interference from Sukuna. He joins the Tokyo Metropolitan Magic Technical College to consumes all of Sukuna’s fingers, which will enable a full exorcism to take place that will free him.

Show more...