Mesrine: Public Enemy No. 1 – ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကို
အရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ လူမိုက်လုပ်ရာကနေစနစ်ကို တော်လှန်ချင်တဲ့ စိတ်ကူးတွေပေါက်လာတာတွေ၊ သူဌေးကြီးတွေကိုပြန်ပေးဆွဲပြီး ငွေညှစ်ကြတာတွေ၊ သတင်းထောက်တွေနဲ့ ညှိကြတာတွေ၊ နောက်ဆုံးလူမိုက်တို့သွားရာလမ်း သေလမ်းကို ဘယ်လိုဘယ်ပုံရောက်ခဲ့တာတွေနဲ့ အတော်ကြည့်လို့ကောင်းတဲ့ Biography ကားတစ်ကားပါ။ မင်းသားနေရာက ဟောလိဝုဒ်ကားတွေမှာပါ သရုပ်ဆောင်ဖူးတဲ့ ပြင်သစ်မင်းသားကြီး Vincent Cassel က ပိုင်နိုင်စွာသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာနေရာမှာဆိုလည်း ၂၀၂၃ ခုနှစ်တုန်းက ထွက်ထားတာမကြာသေးတဲ့ Gerald Butler ရဲ့ Plane လေယာဉ်ပျက်ကျပြီး သက်စွန့်ဆံဖျားရုန်းကန်ရတဲ့ကားကို ရိုက်ပေးထားတဲ့ ပြင်သစ်ဒါရိုက်တာ Jean-François Richet ပဲဖြစ်ပါတယ်။ လူမိုက်ဇိုးဘဲကြီးကား ဖြစ်တဲ့အတွက် အိပ်ရာပေါ်အခန်းတွေအသတ်အဖြတ်တွေပါတဲ့အတွက် သတိထားပြီး ကြည့်ရှုစေလိုပါတယ်ဗျ။ပြင်သစ် ဖိုးတုတ်ကြီးကို ခံစားလိုက်ကြပါဦး။
The story of Jacques Mesrine, France’s public enemy No. 1 during the 1970s. After nearly two decades of legendary criminal feats – from multiple bank robberies and to prison breaks. Written by Anonymous
Server HY
Subscribe
0 Comments
Oldest