A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
45 view
Server Option:Server HY
Server HY

Madame Web: ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel’s Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ဇာတ်လမ်းအကျဉ်း
ကတ်စီ ဝက်ဘ် ဟာ အရေးပေါ်ကယ်ဆယ်ရေး ဆေးအကူဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ရင်း ရေထဲကျသွားပြီး နှလုံးရပ်သွားပါတယ်။ နှလုံးပြန်နိုးလာပြီး အသက်ရှင်လာချိန်မှာတော့ အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ မြင်နေရပြီးကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင့်ကူအစွမ်းတွေရှိနေတဲ့ အီဇီကီရယ်ဆိုတဲ့လူကလည်း သူ့အနာဂတ်ကို ကြိုမြင်နိုင်နေပြီး အနာဂတ်မှာသူ့ကိုသတ်မဲ့ ပင့်ကူမယ် ၃ ယောက်ကို ဆယ်ကျော်သက်ဘဝမှာလိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ ကလေးမ သုံးယောက်ကို ကတ်စီဝက်ဘ်က အီဇီကီရယ် လက်ထဲက နေ ဘယ်လို ကယ်တင်ပြီး ပြန်တိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ဘယ်လိုတိုက်တိုက် Sydney Sweeney နဲ့ Dakota Johnson တို့တိုက်မှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments