MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
83 view
Server HY

Ma Da: The Drowning Spirit – မာဒါဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ရေနဲ့နီးစပ်တဲ့အရပ်၊ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ဒေသတွေမှာ လက်ဆင့်ကမ်းလာတဲ့ မိရိုးဖလာတစ္ဆေပုံပြင်ထဲက တစ္ဆေတစ်ကောင်ပါ။လူတစ်ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး သူ့အလောင်းကို ဆယ်ယူမယ့်သူမရှိပဲ ရေထဲမှာပဲလမ်းဆုံးသွားခဲ့ရင် အဲ့ဒီလူရဲ့ဝိဉာဉ်ဟာ မာဒါ ဖြစ်သွားပါသတဲ့။မာဒါဟာ သူနဲ့လိပ်ပြာတူသူတွေကိုဖမ်းယူလူစားလဲဖို့ကြိုးစားလေ့ရှိပြီး သူ့ကိုတစ်နည်းနည်းနဲ့စော်ကားခဲ့ရင်လည်း အရှင်မထားတတ်ဘူးလို့ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်သူတွေကတော့ တကယ့်ကိုသက်ဝင်စွာနဲ့ ကိုယ်တွေ့ဆိုတဲ့ ဇာတ်လမ်းတွေကို အခုချိန်ထိ လက်ဆင့်ကမ်းကြတုန်းပါပဲ။ဇာတ်လမ်းကတော့ လိုင် ဆိုတဲ့အလောင်းဆယ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အခြေခံပါတယ်။လိုင်ရဲ့သမီးလေးဟာ သူတို့ပတ်ဝန်းကျင်မှာ မကြာသေးခင်ကမှ သတ်သေသွားခဲ့ပြီး မာဒါဖြစ်သွားတယ်လို့ သတင်းထွက်နေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ အရုပ်ကလေးကို ကောက်ယူလာခဲ့မိရာကစပြီး မာဒါရဲ့ခြောက်လှန့်မှုတွေကို တစ်ဖြည်ဖြည်းခံလာရပါတယ်။အစပိုင်းမှာ လိုင်က အယုံအကြည်မရှိပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေတစ်ယောက်ပြီးတစ်ယောက်ရေနစ်သေဆုံးမှုတွေကြုံလာရုံတင်မကသူ့သမီးလေးကိုပါ မာဒါဖမ်းယူသွားတယ်ဆိုတာ ယုံကြည်လောက်တဲ့ အနေအထားမျိုးတွေ့ကြုံရချိန်မှာတော့ သူ့အသက်နဲ့လဲပြီးကယ်တင်ဖို့ကြိုးစားရပါတော့တယ်။တစ္ဆေတစ်ကောင်ရဲ့ဖမ်းစားမှုကိုခံရပြီးဖြစ်တဲ့ သူ့သမီးလေးကိုကယ်တင်နိုင်ပါ့မလား?မာဒါရဲ့လက်က လွတ်နိုင်တဲ့သူရှိသေးရဲ့လား ဒါမှမဟုတ် ဒီတစ္ဆေကိုဘယ်လိုအနိုင်ယူဖို့ကြိုးစားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာယုံကြည်သက်ဝင်မှုတွေ၊ အစီအရင်တွေ၊ အဆောင်လက်ဖွဲ့တွေ ဝေဝေဆာဆာနဲ့တင်ဆက်ထားပြီး ကြောက်စရာကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ထူးထူးခြားခြားဇာတ်ကားသစ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments