Like a Dragon: Yakuza – ယာကူဇာဆိုတဲ့ ဂျပန်ကလူမိုက်ဂိုဏ်းကြီးတွေကို မသိတဲ့
လူရှိမှာတော့မဟုတ်ပါဘူး။ယာကူဇာတွေဆိုတာ ဟိုးအရင်ခေတ်
ကတည်းကရှိလာခဲ့ပြီး အခုထက်ထိလည်းရှိနေသေးတဲ့ ဂျပန်မှာဆိုရင်
အသံကြားတာနဲ့တောင် ကြောက်ရတဲ့လူမိုက်ဂိုဏ်းကြီးတွေ
ဖြစ်ပါတယ်။အဲ့ဒါတွေကိုပိုထင်သာ မြင်သာရှိဖို့အတွက် Yakuza
ဆိုတဲ့ဂိမ်းတွေထွက်ခဲ့ပြီး နာမည်လည်းတော်တော်ကြီးခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ Animated Movie တွေ Live Action
တွေလည်းအများကြီးထွက်ခဲ့ပါသေးတယ်။အခုတင်ဆက်ပေးမဲ့
Series ကလည်း နာမည်ကြီးယာကူဇာဂိမ်းတွေထဲက
Like a Dragon ရဲ့ Live Action Series ဖြစ်ပါတယ်။
လက်ရှိ IMDb Rating 6.2 အထိရရှိထားပြီး ယာကူဇာတွေနဲ့
ပတ်သတ်လာရင်တော့ကြည့်လို့ကောင်းမဲ့ Series ပဲဖြစ်ပါတယ်။
အချိန်ကာလအားဖြင့် ၁၉၉၅ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်ကြားမှာအခြေခံ
ရိုက်ကူးထားတာဖြစ်ပြီး အဓိကဇာတ်ကောင်တွေကတော့ မိဘမဲ့
ဂေဟာတစ်ခုမှာနေနေတဲ့မောင်နှမ ၄ ယောက်ပဲဖြစ်ပါတယ်။
ဆွေမျိုးသားရင်းတော့မဟုတ်ပေမဲ့ မိဘမဲ့ဂေဟာမှာအတူတူ
နေလာတာကြာတော့ မောင်နှမအရင်းတွေလိုဖြစ်နေကြပါပြီ။
ဒါပေမယ့်သူတို့က မိဘမဲ့ဂေဟာကြီးမှာပဲတစ်သက်လုံးမနေချင်တဲ့
အတွက် ထွက်သွားဖို့ကြံစည်ကြပါတော့တယ်။၄ ယောက်လုံး
ထွက်သွားဖို့ ပိုက်ဆံလိုတဲ့အတွက် မြို့ထဲကစလော့ဂိမ်းဆိုင်ကြီးကို
သေချာအကွက်ချပြီးပိုက်ဆံဝင်ခိုးပါတော့တယ်။
ရလာတဲ့ပိုက်ဆံတွေကအများကြီးဆိုပေမယ့် ဖြစ်ချင်တော့
အဲ့ဒီစလော့ဂိမ်းဆိုင်ကြီးကို ယာကူဇာဂိုဏ်းကပိုင်တာဖြစ်တဲ့
အတွက် နောက်နေ့မှာသူတို့ကိုလာဖမ်းပါတော့တယ်။အကုန်လုံးကို
သတ်ခါနီးမှာမှ ဂိုဏ်းထဲဝင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့
ကယ်ပေါက်ရသွားခဲ့ပြီး နောက်ပိုင်းမှာတော့မောင်နှမ ၄ ယောက်လုံး
တစ်ယောက်တစ်လမ်းစီသွားကြရင်းနဲ့ ကြီးမားကျယ်ပြန့်တဲ့
ယာကူဇာလောကကြီးမှာဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို
စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ Series ကောင်းလေး
တစ်ခုပဲဖြစ်ပါတယ်။
Vetery nice