A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
48 view
Server Option:Server HY
Server HY

It’s Okay, That’s Love: အပိုင်း (၁ မှ ၁၆) စ/ဆုံး

ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်

Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့

Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့က

အဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်း

သိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

ဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့

နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး ရေဒီယိုရှိုးမှာလည်း

အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။

စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့

အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။

ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့

အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။

သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့

ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ဆက်ဆံ‌ရေးက

အဆင်မပြေဖြစ်လာခဲ့ပါတယ်။

ဒီလိုဆက်ဆံရေးအဆင်မပြေကြတဲ့ သူတို့နှစ်ယောက်ဟာ

အကြောင်းအမျိုးမျိုးကြောင့် တစ်အိမ်ထဲမှာ အတူတူနေရဖို့ဖြစ်လာပါတော့တယ်။

အဲဒီအိမ်လေးမှာပဲ အကြောဆွဲရောဂါခံစားနေရတဲ့ ကောင်လေး ဆူဂွမ်၊

ပြဿနာအိုးမလေး ဆိုညော၊ ဂျန်ဂျယ်ယောရဲ့ အကြီးစားပရိသတ် ဟန်ဂန်အူ…

သူတို့ကရော ဘယ်လိုစိတ်ဒဏ်ရာတွေ ရှိနေကြတာလဲ…။

စိတ်ဒဏ်ရာအသီးအသီးနဲ့ သူတို့ နေ့စဥ်ဘဝမှာ ဘယ်လို ကြိုးစားပြီးရှင်သန်ကြသလဲ..။

နာကျင်မှုတွေကို ဘယ်လိုရိုင်းပင်းကူညီပြီး ကုစားသွားကြမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။

(အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။)

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments