Prev EP
Next EP
Light Off
Report
65 view
Server HY

Guess Who I Am:

Romance Drama ကို ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းလေးနဲ့
ဟာသလေးပါနှောပြီးကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်
မင်းသမီးကျန်းယွီရှီးပါဝင်သရုပ်ဆောင်ထားပြီး ခေါင်းဆောင်မင်းသားအနေနဲ့

ဝမ်ကျစ်ချီတို့ပါ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလာပါပြီရှင် ။

ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ – လိမ်လည်လှည့်ဖျားတတ်တဲ့ လူယုတ်မာယောက်ျားတွေကို

ပညာပေးလေ့ရှိတဲ့ မိန်းမလှလေးစုန့်ယောင်ဟာ ချန်ထျန်းစီးပွားရေးလုပ်ငန်းစုရဲ့

သူဌေးသားအတုလေးနဲ့ကြုံဆုံမိရာကနေ ဇာတ်လမ်းလေးစခဲ့ပါတယ် ။ ရှေးအဆိုအရ

ချမ်းသာတဲ့သူဌေးတွေက ဘယ်လောက်ယုတ်မာတဲ့အလုပ်ပဲလုပ်လုပ် အကျိုးဆက်ကို

ဘယ်တော့မှမခံစားရပါဘူးတဲ့ ဒါပေမဲ့ မိန်းမလှလေးစုန့်ယောင်ကတော့ လူယုတ်မာတွေကို

သူတို့လုပ်သမျှအကုန်ပြန်ခံစားရအောင် ပညာပေးလေ့ရှိပါတယ် ။ အဲဒီလိုချမ်းသားတဲ့

လူယုတ်မာတွေကိုလည်း မျက်လုံးခြင်းဆုံရုံနဲ့တင် စွဲမက်သွားလောက်အောင်လုပ်နိုင်တဲ့

အရည်အချင်းလည်း စုန့်ယောင်မှာရှိပါတယ် ။ ဒါပေမဲ့ တစ်နေ့မှာတော့

အဲဒီလိုအစွမ်းထက်လှတဲ့မျက်လုံးတွေက ချန်ထျန်းစီးပွားရေးလုပ်ငန်းစု

သူဌေးသားအတု ကျိချန်းချွမ်နဲ့တွေ့ဆုံချိန်မှာတော့ အလုပ်မဖြစ်တော့ပါဘူး။

သူဌေးသားအတုလေးကို သူဌေးသားအတုမှန်းမသိတဲ့ မိန်းမလှလေးနဲ့

သူဌေးသားအတုလေးတို့ရဲ့ ဇာတ်လမ်းကဘယ်လိုဖြစ်သွားမလဲ ?

သူတို့နှစ်ယောက်ကြား ဘယ်လိုဆုံတွေရင်းက ရင်းနှီးပြီး ချစ်ကျွမ်းဝင်သွားမလဲ ?

ထင်ထားသလို ပျော်ရွှင်စရာဇာတ်သိမ်းလေးရော ဖြစ်ပါ့မလားဆိုတာကို

ဇာတ်လမ်းလေးကို စောင့်ကြည့်ရင်း အားပေးကြပါအုံးရှင် ။

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments