Free Time: ဒရူးဆိုတဲ့လူတစ်ယောက်က အသက် ၃၀ နားကိုကပ်နေပြီဖြစ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ယောက်ပါ။ တစ်ရက်မှာ ဒရူးဟာ သူ့ဘ၀မှာ မခံစားဖူးသေးတဲ့လွတ်လပ်မှုရဲ့အရသာကို ခံစားကြည့်ဖို့ရာ နှစ်တစ်နှစ်ရဲ့အလုပ်အများဆုံးအချိန်ကြီးမှာ သူ့ရဲ့ မနက် ၉ ည ၅ ကုမ္ပဏီ၀န်ထမ်းအလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒရူးက တီးဝိုင်းတစ်ခုမှာလည်း ကီးဘုတ်တီးပါတယ်။ ကုမ္ပဏီကထွက်ပြီးတဲ့နောက်မှာ ဒရူးဟာ ကုမ္ပဏီ၀န်ထမ်းဘ၀တုန်းကမလုပ်ခဲ့ရတဲ့အရာတွေကို စလုပ်ကြည့်ပါတယ်။ ညဖက် မမူးမချင်း ဘားတစ်ခုပြီးတစ်ခုပြောင်းထိုင်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းတာ၊ မနက်ခင်းမှာ မြစ်ကမ်းနားကို စက်ဘီးစီးထွက်တာ စသဖြင့်ပေါ့။ဒါပေမဲ့ ရက်အနည်းငယ်ကြာလာတော့ တသက်နဲ့တကိုယ် အလုပ်နဲ့အကိုင်နဲ့ဖြစ်လာခဲ့တဲ့ ဒရူးတစ်ယောက်ဟာ သူအလုပ်ထွက်လိုက်ရတဲ့ရည်ရွယ်ချက်ကို နားလည်ဖို့ရာခက်လာပါတော့တယ်။
ဆိုလိုချင်တာက သူဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာပါ။ သူနဲ့သက်တူရွယ်တူ သူငယ်ချင်းတွေက မနက် အလုပ်ကိုယ်စီနဲ့ အလုပ်ခွင်တွေမှာ ဆက်ကျင်လည်ပြီး ပိုက်ဆံရှာနေကြဆဲအချိန်မှာ သူကတော့ အသက် ၃၀ နားကပ်ခါနီးအရွယ်ရောက်မှ ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်လာတဲ့အလုပ်ကနေထွက်ပြီး အလုပ်လက်မဲ့ဖြစ်နေတာကို သဘောပေါက်သွားတဲ့အချိန်မှာတော့ သူ့မှာရှိနေတဲ့လွတ်လပ်မှုကို သူပျော်ပျော်ကြီးဆက်ခံစားနိုင်ပါဦးမလား၊ အများသူငှာလိုပဲ ကြွက်ပြေးလမ်းထဲပြန်၀င်ဖို့ရာကြိုးစားရတော့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
Approaching the end of his twenties and his relative youth, a man decides to quit his cushy desk job and ’embrace life’ – only to realize he has no idea what to do with this newfound freedom.