Prev EP
Next EP
Light Off
Report
102 view
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Server HY

Five Kings of Thieves: တရုတ်သမ္မတနိုင်ငံခေတ်ကိုနောက်ခံထားပြီး ရတနာအရှုပ်တော်ပုံနဲ့

သိုင်းလောကအကြောင်းကြည့်ရှုရဦးမယ့် Darren Wang နဲ့ Ren Min တို့ရဲ့

ဝူရှစီးရီးအသစ်….. တရုတ်သမ္မတနိုင်ငံအစောပိုင်းခေတ်မှာ စစ်နယ်ရှင်တို့အုပ်စိုးနေပြီး

လောကကြီးဟာကသောင်းကနင်းပျက်ပြားနေလေရဲ့။ လူပေါင်းများစွာ

လိုချင်တပ်မက်နေကြတဲ့ ဆန်းကြယ်ရတနာ ကျောက်စိမ်းပုတီးတွေဟာ မြစ်ချောင်းနဲ့ရေကန်တို့မှာ

ပေါ်ထွက်လာသတဲ့။ အဲ့ဒီရတနာတွေဟာ ဟောကိန်းတွေနဲ့လည်းဆက်စပ်နေပြီး၊

တော်လှန်ရေးသမားတွေနဲ့ကျောင်းသားတွေဟာ နိုင်ငံ့ရတနာတွေကိုကာကွယ်ဖို့အတွက်

ကမ်ပိန်းတွေလုပ်ကြပါတယ်။ အလယ်ပိုင်းလွင်ပြင်သိုင်းလောကသားတွေကိုစုစည်းထားတဲ့

“ဒြပ်စင်ငါးပါးအိမ်တော်” ဟာလည်း နိုင်ငံရတနာတွေကို တိုင်းတစ်ပါးလက်ထဲအပါမခံဘဲ

ကာကွယ်ဖို့စိတ်အားထက်သန်လျက်ရှိပါတယ်။ ဟော်ရှောက်ရှယ်က ဈေးထဲကမိဘမဲ့တစ်ယောက်။

မထင်မှတ်ထားစွာ အရှုပ်ထုပ်ထဲကိုဆွဲသွင်းခံရသူ။ နိုင်ငံ့ရတနာတွေကိုကာကွယ်ဖို့

ဘေးနားကလူတွေကိုကာကွယ်ဖို့အတွက် ရှေ့ထွက်လာရတဲ့အခါ… ဂျပန်နဂါးနက်အဖွဲ့ဟာ

တရုတ်ရဲ့နိုင်ငံပိုင်ရတနာတွေကို မောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဟော်ရှောက်ရှယ်ရဲ့

နိုင်ငံ့ရတနာတွေကိုကာကွယ်တဲ့ခရီးလမ်းတစ်လျှောက် အန္တရာယ် အခက်အခဲ ဒုက္ခမျိုးစုံကို

ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ တရားမျှတမှုကိုလိုလားပြီး မျိုးချစ်စိတ်ရှိတဲ့

အလယ်ပိုင်းလွင်ပြင်ရဲ့ “ဒြပ်စင်ငါးပါးအိမ်တော်” နဲ့ပေါင်းစည်းနိုင်ခဲ့ပြီး စွန့်စားခန်းခရီးတစ်ရပ်

ဖြစ်ပေါ်လာပါတော့တယ်။

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments