A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
87 view
Server Option:Server HY
Server HY

Fengshui : ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။
တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့….
ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ?ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်…..ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon Chae-won ကလည်း ဒီကားလေးထဲမှာ ဖခင်အတွက် လက်စားချေဖို့ ကြိုးစားနေသူ ဂေဟာမယ်ခေါင်းဆောင် ချိုဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးပါတယ်နော်….ပညာရှင် ပတ်ဂျေဆန်း အဖြစ် Cho Seung-wooဟုန်ဆိုးမင်းသားအဖြစ် Ji Sungချိုဆန်းအဖြစ် Moon Chae-won တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ ကြာဖြူလွင်ပါ)

One’s ancestors’ tomb spot could change one’s destiny. Jae-Sang (CHO Seung-Woo), a prodigal geomancer, loses his family while trying to stop the Kim family from conquering Korea by getting their hands on all the propitious tomb spots. 13 years later, Heung-Sun from a fallen royal family comes to Jae-Sang and suggests ousting the Kim family from power. The two men decide to work together, but they soon reach conflict when they learn of a tomb spot that would produce two kings in a family.

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments