MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
82 view
Server HY

Blood Work : ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့
မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့
ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို နှလုံးအလှူရှင်ရဲ့ အစ်မရောက်ချလာပါတော့တယ်။အကြောင်းအရင်းကတော့ နှလုံးလှူပေးခဲ့တဲ့သူ့ညီမကရိုးရိုးတန်းတန်းသေဆုံးခဲ့တာမဟုတ်ဘဲ အသတ်ခံခဲ့ရလို့ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့် သူ့ညီမနှလုံးကိုအစားထိုးထားတဲ့နာမည်ကြီး စုံထောက်ကြီးဆီမှာ အဲ့ဒီအမှုကိုဖော်ထုတ်ပေးဖို့အကူအညီလာ တောင်းတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အငြိမ်းစားယူထားတဲ့ စုံထောက်ကြီးလည်း သူ့နှလုံးအလှူရှင်ရဲ့သေဆုံးမှုကို ပြန်လည်ဖော်ထုတ်ဖို့အကြောင်းဖန်လာပြီး လိုက်လံစုံစမ်းရာမှာတော့ ဘယ်လိုလျှို့ဝှက်နက်နဲပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အမှန်တရားတွေကို တွေ့လာရမလဲဆိုတာကိုကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Retired F.B.I. profiler Terry McCaleb (Clint Eastwood), who has recently had a heart transplant, is hired by Graciella Rivers (Wanda De Jesus), to investigate the death of her sister, Gloria, who happens to have given McCaleb his heart. On the case, he soon deduces that the killer, who staged the murder to look like a random robbery, may actually be a serial killer Terry was trailing for years in the F.B.I. Can the elderly and feeble McCaleb, who had intended to spend his retirement living on his boat in the Los Angeles harbor, and who can’t drive, and has to nap regularly, muster up the endurance to find the killer? Written by Amir Al-Kourainy

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments