A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
150 view
Server Option:Server HY
Server HY

Beautiful Mind : ၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို
CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့
Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး
အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ရိုက်ကူးထားပါတယ်
ဆေးပညာနဲ့ပတ်သက်တာတွေကိုလည်း သေချာလေးရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ

ဇာတ်လမ်းအကျဉ်း
——————

ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့
ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကို
နားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်

ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့ တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ
နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက
သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့ ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်

အီယောင်းအိုတစ်ယောက် ဟျွန်းဆောင်းဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ
ထူးခြားဆန်းကြယ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်
ဆရာအီယောင်းအိုက လူသေဆုံးမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကို
ဂျင်ဆောင်းရဲ့အကူအညီနဲ့ ရှာဖွေဖို့ကြိုးစားရင်း
လူတွေအပေါ် စာနာစိတ်ထားတတ်ပြီး ချစ်ခင်ဂရုစိုက်ပေးတတ်ဖို့ပါ ဂျင်ဆောင်းဆီကနေသင်ယူခွင့်ရခဲ့ပါတယ်

ဆရာအီယောင်းအိုက ထူးခြားဆန်းကြယ်တဲ့ လူသေဆုံးမှုတွေရဲ့ အကြောင်းအရင်းကို တကယ်ပဲ ရှာဖွေတွေ့ရှိသွားမလား
ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်းကိုတော့ May Thet မှ ရေးသားပေးထားပါတယ်

The story of genius neurosurgeon Lee Young Oh who has impeccable skills and abilities but is incapable of having any feelings or sympathy for his patients due to an injury in his frontal lobe. When a series of unusual deaths occur at the hospital Detective Gye Jin-Sung starts an investigation around Young Oh who falls in love with her. The series is loosely based on Mary Shelley’s Novel “Frankenstein”. Written by H.P.Sheikh

Other parts :
None !
Subscribe
Notify of
guest

2 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments
aathang
aathang
13 days ago

download like please!!