Apple My Love: ဧဒင်ရဲ့ ပန်းသီး (၂၀၂၄)
မကြာခင်ထွက်ရှိလာတော့မယ့် ပလူတိုဝတ္ထုရဲ့ စာရေးဆရာရဲ့ လက်ရာသစ်တစ်ခုဖြစ်တဲ့ Apple my love
မျက်နှာသစ်သရုပ်ဆောင်လေးတွေနဲ့ နုနုရွရွဒီဇာတ်ကားလေးကိုရော ဘယ်လိုတွေပုံဖော်ကြမလဲဆိုတာ CMနဲ့အတူ ရှုစားပေးကြပါဦး။
၃ နှစ်ကြာ မျက်လုံးကွယ်နေပြီးမှ မျက်လုံးခွဲစိတ်မှုအပြီးမှာ ထူးဆန်းစွာနဲ့ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ မိန်းကလေးတစ်ယောက်
ဒီမိန်းကလေးကို ခရစ်တစ်ယောက်ရှာဖို့ကြိုးစားပေမဲ့ မျက်ဝန်းတစ်စုံကိုပဲ ထူးဆန်းစွာမှတ်မိနေပါသတဲ့။
ဒီမျက်ဝန်းလေးကိုပဲ မေ့မသွားအောင် ထပ်ခါတလဲလဲပုံဆွဲနေရင်းနဲ့ မသိစိတ်ကနေ
တိတ်တခိုးစွဲလမ်းနေမိတဲ့ခရစ်တစ်ယောက် မျက်ဝန်းပိုင်ရှင်ကန်နဲ့ အပြင်မှာဆုံဖို့ဖြစ်လာတဲ့အခါ…
အိပ်မက်ထဲကမျက်ဝန်းတစ်စုံကနေ အစပြုခဲ့တဲ့ ခရစ်နဲ့ကန်တို့ရဲ့အချစ်ဇာတ်လမ်းက
ဘယ်လိုခရီးဆက်ကြမလဲဆိုတာ အခုပဲကိုယ်တိုင်ကြည့်ရှုလို့ အဖြေရှာလိုက်ရအောင်ပါ။
အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။