An Urban Allegory: ဒီဇာတ်လမ်းတိုလေးကတော့ နာမည်ကြီးအီတလီရုပ်ရှင်ရိုက်ကူးသူ”Alice Rohrwacher”က ရိုက်ကူးထားပြီး ပြင်သစ်မှာဇာတ်အိမ်တည်ထားပါတယ် ဒီဇာတ်လမ်းလေးက ရှေးဂရိဒဿနပညာရှင်ကြီး”Plato”ရဲ့ “The Allegory of the cave”ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်“မွေးကတည်းက လှိုဏ်ခေါင်းကြီးတစ်ခုထဲမှာ သံကြိုးတွေနဲ့ချုပ်နှောင်ခံထားရသူတွေ, သူတို့ကလှိုဏ်ခေါင်းထဲမှာရှိတဲ့အရိပ်တွေကိုပဲ ပုံရိပ်အစစ်လို့ထင်မှတ်နေကြပါတယ် သူတို့ထဲကတစ်ယောက်ယောက်သာ ချုပ်နှောင်ထားတဲ့သံကြိုးတွေကိုဖြုတ်ပြီး လှိုဏ်ခေါင်းအပြင်ကိုထွက်ပြေးလွတ်မြောက်သွားရင် ဘာဆက်ဖြစ်မလဲ……”
ကပြဖျော်ဖြေသူတစ်ဦးမှာ ပြဇတာ်တစ်ခုလူရွေးပွဲကိုသွားရာမှာ သူမရဲ့သားလေးဖျားနေတယ်လို့ကျောင်းကဖုန်းဆက်လို့ဝင်ခေါ်ရာကနေ လူရွေးပွဲကိုနောက်ကျမှရောက်သွားပါတယ် သူရောက်သွားတဲ့အခါ ဒါရိုက်တာကြီးကို တောင်းပန်ပြီး သူ့ကိုလူရွေးပွဲဝင်ပြိုင်ခွင့်ပေးဖို့တောင်းဆိုပါတယ် ဒါရိုက်တာကြီးကခွင့်ပြုပြီး သူမရဲ့ခုနစ်နှစ်အရွယ်သားလေးကို Platoရဲ့ “The allegory of the cave”ထဲမှာပါတဲ့ မေးခွန်းရဲ့အဖြေကိုပြောပြလိုက်ပါတယ် “ချုပ်နှောင်မှုမှလွတ်မြောက်လာတဲ့အကျဥ်းသား ဘာဆက်ဖြစ်မလဲ”ဆိုတာကိုပေါ့
Subscribe
0 Comments
Oldest