A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
19 view
Server Option:Server HY
Server HY

A Guide to Recognizing Your Saints: တစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့
အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေး
မှီငြမ်း ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိအောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာအောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုးထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်းနာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်းဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ်ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ၂၀၀၅ ဝန်းကျင်ကိုတစ်လှည့်စီ ပြသတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။Shia Labeouf ရဲ့ ငယ်ဇာတ်ရုပ်ကိုသာမက Channing Tatum ရဲ့သူနဲ့ လိုက်ဖက်လှတဲ့ မိုက်ရူးရဲ ဂျစ်ကန်ကန် သရုပ်ဆောင်ချက်တွေကိုလည်း တွေ့မြင်ရမှာပါ။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments