A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
101 view
Server Option:Server HY
Server HY

6th Sense Agency: သရဲဖမ်း အေဂျင်စီ (၂၀၂၄)

မြင်နေကျနဲ့မတူတဲ့ ဇာတ်အိမ်ဆန်းဆန်းတွေ ရိုက်ပြချင်တဲ့
Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲအသစ် ရောက်လို့လာပြန်ပါပြီ။
သရဲခြောက်တဲ့အိမ်တွေကို သရဲနှင်ပြီး ရောင်းပေးမယ့်ဇာတ်လမ်းမို့
သရဲတွေ နေရာတကာ ဖောဖောသီသီ မြင်ရမှာပဲ ဖြစ်ပါတယ်။
သရဲကားကြိုက်သူများ ကြည့်ပါ၊ ကြောက်ဖို့တော့ တာဝန်မယူပါ။ :3
ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် အွန်ဟာ ဘာလုပ်လုပ် ဘာမှမဖြစ်မြောက်တဲ့ ငနဲတစ်ကောင်ပါပဲ။
စီးပွားတွေ သောက်သောက်လဲ ရှာတတ်လွန်းလို့ ကုန်လိုက်တဲ့ ငွေဟာလဲ သောက်သောက်လဲ ဖြစ်ပါတယ်။
နောက်ဆုံး သူ့အဖေပေးခဲ့တဲ့ တိုက်ကိုတောင် အကြွေးနဲ့ အသိမ်းခံလိုက်ရပါတော့တယ်။

အဖေ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့၊ တိုက်ကို ပြန်ဝယ်နိုင်ဖို့ ငွေများများရမယ့် ဂွင်ကောင်းကောင်း ရှာရာမှာ
သရဲခြောက်တဲ့အိမ်ကို အကျိုးဆောင်ရောင်းပေးဖို့ ဖြစ်လာခဲ့ပါတယ်။
လူလိမ်နတ်ဆရာအဖွဲ့ဆီမှာပါ ညှပ်ချခံရအပြီး၊ အိမ်ကိုလည်း ဘယ်လိုမှရောင်းမရတဲအဆုံး လက်လျော့မယ့်ဆဲဆဲမှာ
သရဲတွေကို မြင်နိုင်၊ သရဲတွေနဲ့ စကားပြောနိုင်စွမ်းရှိတဲ့ ထစ်ဆိုတဲ့ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။

ဒီလိုနဲ့ ငွေရှာချင်တဲ့ ခပ်တုံးတုံးငနဲတစ်ကောင်၊ မှတ်ဉာဏ်ပြန်ရှာမယ့် သရဲမြင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့
လူလိမ် ၂ ယောက်တို့ ပူးပေါင်းပြီး နေ့ချင်းညချင်း သရဲအိမ်အကျိုုးဆောင် Sixth Sense Agency ကို တည်ထောင်လိုက်တော့တာပါပဲ။

သူတို့တစ်တွေ ကိုယ်စီ တွက်ကိန်းအတိုင်း ဖြစ်ကြမလား၊
ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ကြောက်ဖို့မကောင်းတဲ့သရဲကားမှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Su Myat, Mary, Kim တို့ပဲ ဖြစ်ပါတယ်။

A cash-strapped young man, a gifted realtor and a pair of fake exorcists form an unlikely squad to sell houses haunted by spirits.

Other part:
None
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments