A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Toy Story: ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲ တွေရဲ့ ပထမဆုံးဖြစ်ပြီး
၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန် တော်တို့ ချစ်ရတဲ့ ကောင်းဘွိုင် လေးဝူဒီတို့တသိုက်နဲ့
အာကာသရိန်းဂျားကြီးဘတ်ဇ် စ တွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
အန်ဒီဆိုတဲ့ ကောင် လေးရဲ့ အရုပ် တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ
မွေး နေ့ပွဲလို ခရစ္စမတ်လို နေ့ တွေ ရောက်တိုင်း လက် ဆောင် တွေထဲမှာ
သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ် တွေ ရောက်လာမှာကို
အမြဲ တမ်း စိုးရိမ်နေခဲ့တာပါ။
အရုပ်အသစ် တွေ ကြောင့် အန်ဒီ သူတို့ကိုအချစ် လျော့သွားမှာကို
စိုးရိမ် နေကြတာ ပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့ မွေး နေ့တစ်ခုအ ရောက်မှာ
သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ရောက်လာပါ တော့တယ်။အဲဒါက တော့ နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ်
လိုက်ရီးယားပဲဖြစ်ပါတယ်။ က လေး တွေရဲ့ထုံးစံအတိုင်း အန်ဒီက
အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသ ဘောကျ နေတဲ့အချိန် အရင်က
အန်ဒီအကြိုက်ဆုံးအရုပ် လေး ဖြစ်ခဲ့တဲ့ ကောင်းဘွိုင် လေးဝူဒီက
ဘတ်ဇ်ကို မ ကျေမနပ်ဖြစ်ရာက နေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။ နေရာလုဘက် ဖြစ် နေတဲ့ သူတို့၂ ယောက်ကို ဘယ်လိုကိစ္စမျိုးက
နားလည်မှုရသွား စေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို
မတည့်တဲ့ကြားထဲက နေ ဘယ်လိုပုံစံမျိုး နဲ့ အချင်းချင်းရိုင်းပင်းပြီး
ကူညီ ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။

Show more...